Blogger Widgets

Friday, May 2, 2014

သူငယ်တန်း

(၁)
"အချစ်"ဆိုတဲ့စကားလုံးကို
ရေးတတ်ဖတ်တတ်တယ်ဆိုရုံလေး
မင်းကသင်ကြားပေးလိုက်တယ်

(၂)
မကျွတ်မလွတ်နိုင်သေးတဲ့အိပ်မက်ထဲမှာ
မင်းဘယ်တော့ အမျှဝေမှာလဲ ?

(၃)
လွမ်းနေရတာကိုက
အမှားကိုနှစ်ကိုယ်ခွဲနေရသလိုပဲ။

(၄)
ကတိဖျက်သူဟာ
ကတိပေးသွားတဲ့သူသာဖြစ်တယ်လေ....။


မင်းခိုက်စိုးစံ
စက်တင်ဘာ ၂၀၀၂

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...