Blogger Widgets

Friday, May 2, 2014

ကင်းစောင့်

ငါဟာ ကင်းစောင့်တစ်ယောက်ပါပဲ
တစ်ညလုံး မအိပ်စက်ဖြစ်ဘဲ
အလွမ်းတွေနဲ့ပဲ မိုးစင်စင်လင်းခဲ့တယ် ...

“ချစ်တယ်” ဆိုတာ ... ငါ့ဘဝရဲ့
ဘယ်ဝါကျမှာမှ မသုံးဘူးသေးတဲ့
ကြိယာတစ်လုံးပါ။

နှုတ်ခမ်းထူထူတွေနဲ့ လှောင်ပြုံး
မာယာများတဲ့ ငါးခုံးမလေးရေ
မင်းကြောင့်
ငါ့အိပ်မက်တွေ တစ်လှေလုံး ပုပ်ခဲ့ပေါ့ ...။ ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...