Playstation 2 Game စက်နှင့်  Computer ချိတ်ဆက်အသုံးပြုနည်းစာအုပ်
သဘောတရား - Playstation 2 Game စက်များကို ခွေထည့်ပြီးကစားမယ့်အစား အဲဒီ့ခွေကို computer Harddisk မှာသိမ်းထားပြီး Network လမ်းကြောင်းမှ ယူသုံးစေတာပဲဖြစ်ပါတယ်...
အားသာချက် - (၁)ခွေမသုံးရတဲ့အတွက် Game စက်ရဲ့ ခွေမှန်ဘီလူး(Lens)တွေပျက်စီးမှု့ သက်သာပါတယ်
(၂)CD /DVD ခွေကူးရသက်သာပါတယ်
(၃)ခွေကန့် သတ်မှု့ မရှိတော့ပါဘူး(ဥပမာ-ဆိုင်မှာ စက်ဆယ်လုံးရှိတယ်။FIFA 2011 ကိုချည်း ဆယ်လုံး စလုံးတပြိုင်နက်ဆော့ မယ်ဆိုရင် အဲဒီ့ခွေကို ဆယ်ခွေကူးထားရမှာအမှန်ပဲ...။ဘယ်ဆိုင်မှကူးမထားနိုင်ပါဘူး။အဲဒီ့အခါမှာ ဟိုဘက်စက်ကပြီးမှယူဆိုတာမျိုးခွေအရေအတွက် ကန့် သတ်ချက်ရှိပါတယ်။ PC ဖြင့်Network ချိတ်ဆက်အသုံးပြုပြီးဆိုတာနဲ့ Harddisk ထဲမှာရှိသမျှ Game အားလုံးကို ကြိုက်တဲ့ ခွေကြိုက်သလောက်ကစားလို့ ရတယ်။ခွေကန့် သတ်ချက်မရှိတော့ပါဘူး)
(၄)loading time မြန်ပြီး ခွေထစ်တာမရှိတော့တဲ့အတွက် အသုံးပြုသူတွေစိတ်ချမ်းသာစေပါတယ်။
(၅)PC ကို Server အနေနဲ့ အသုံးပြုရတယ် ဆိုပေမယ့် Window Server သုံးစရာမလိုပါဘူး ရိုးရိုး Window သုံးပြီး Harddisk ကို Share ပေးထားတာပဲ ဖြစ်ပါတယ်။ CPU နဲ့  Ram usage မများတဲ့အတွက် သာမန်အနိမ့်စား PC နဲ့ တောင်အသုံးပြုနိုင်ပါတယ်။
ကဲ...သူငယ်ချင်းများ...စမ်းသုံးကြည့်ချင်တယ်ဆိုရင်တော့ ဒီမှာဒေါင်းလုပ်ရယူနိုင်ပါပြီဗျာ။
No comments:
Post a Comment