Window 7 မှာပါတဲ့ Tools လေးတစ်ခု အသုံးပြူပုံလေး တင်ပြချင်ပါတယ်။ Team viewer တို့လို အသုံးပြူနိုင်တဲ့ Tools လေးပါ။ မိမိစက်ကနေ အွန်လိုင်းမှတစ်ဆင့် တစ်ခြားတစ်ယောက်ရဲ့ ကွန်ပျူတာကို ၀င်ကြည့်တာတို့ လိုအပ်တာလေးတွေ လုပ်ပေးလို့ရတဲ့ Tools လေးပါ။ WINDOW TOOLS လေးတွေကို စိတ်ဝင်စားတဲ့ သူငယ်ချင်းများအတွက် စိတ်ဝင်စားဖို့ကောင်းမှာပါ။ အောက်မှာလုပ်ပုံ လုပ်နည်းလေးတွေ ကြည့်လိုက်ပါဦး။
လုပ်နည်း
အကြည့်ခံရမည့်သူ လုပ်ဆောင်ရမည့်အပိုင်း
=============================
၁။ START ထဲမှာ WINDOW REMOTE ASSISTANCE လို့ရိုက်လိုက်ပါ။
၂။ BOX လေးတစ်ခု ကျလာပါလိမ့်မည်။ ကျလာတဲ့ BOX လေးထဲမှာ အပေါ်ကစာကြောင်းလေးကို CLICK နှိပ်ပြီးဝင်လိုက်ပါ။
၃။ BOX လေးကိုနှိပ်ပြီး ရလာတဲ့ ဖိုင်လေးကို DESKTOP မှာ SAVE ထားလိုက်ပါ။
၎။ SAVE လိုက်တာနဲ့ PASSWORD ပေးတဲ့ BOX လေးပါ။ တစ်ခါတည်း ကျလာမှာဖြစ်ပါတယ်။ (BOX ကိုမပိတ်လိုက်ပါနှင့်။)
၅။ ရလာသည့် FILE နဲ့ PASSWORD ကို ကြည့်မည့်သူ ဆီသို့ G-TALK မှတစ်ဆင့် ပို့ပေးလိုက်ပါ။
ကြည့်မည့်သူအပိုင်း
=============
၁။ ကြည့်ခံရမည့်သူ ပို့လာတဲ့ ဖိုင်ကိုဖွင့် ပြီး ပေးထားတဲ့ PASSWORD ကို BOX ထဲမှာ ထည့်လိုက်ပါ။
၂။ ကြည့်လို့ ပြူပြင်လို့ရသွားပါပြီ။

No comments:
Post a Comment