Blogger Widgets

Wednesday, November 27, 2013

အပျိုကြီးများ၏သနားစဖွယ် အားငယ်ရသည့်အချက်များ

အပျိုကြီးများ၏သနားစဖွယ် အားငယ်ရသည့်အချက်များ

 ၁- ရေချိုးပြီးသနပ်ခါးသွေးပေးမယ့်သူမရှိခြင်း
 ၂-အိပ်မက်ဆိုးများဖြင့်ညတရေးနိုးလန့်နိုးသော်...နှစ်သိမ့်ရာမရှိခြင်း
 ၃-အတင်းပြောသမျှ ခေါင်းတညိတ်ညိတ်ဖြင့်နားထောင်ပေးမယ့်သူမရှိခြင်း
၎-ဈေးဝယ်ထွက်ရာတွင် အထုပ်ပေါင်းများစွာကို ကိုယ့်အားကိုကိုးဆွဲသယ်ရခြင်း
 ၅-အိမ်ကစက်ပစ္စည်း ၊လျှပ်စစ်ပစ္စည်းများပျက်လျှင် ဆိုင်သို့ သာပို့ရရ်ျ ပိုက်ဆံကုန်ခြင်း
 ၆-နေရာတကာ မီတာဆောင်၊ဖုန်းခွန်ဆောင် မိမိဘာသာသွားလာ ၇ခြင်း
 ၇-ဆရာလုပ်ခြင်း ပြောချင်တိုင်းပြောခြင်းကိုနာခံမယ့်သူမရှိခြင်း
 ၈-အများတကာမှ သီတင်းကျွတ်တိုင်းမစားရသေးဘူးလား၊ ဘယ်တော့လဲ၊စသဖြင့်ရိထေ့ငေါ့ခြင်းကို အောင့်သီးအောင့်သက်ဖြင့် ခံစားနားဆင်ရခြင်း၊
 ၉-အလှပြင်ပြီးတိုင်း ကြည့်ပြီးလိုအပ်ချက်ပြောပေးခြင်းကိုမခံရခြင်း
 ၁၀-လကုန်တိုင်း ယောက်ျားအပ်သော အပိုပိုက်ဆံကိုမရခြင်း
 ၁၁-သရဲကားကြည့်ပြီး ကြောက်တိုင်း ခေါင်းအုံးကိုသာတင်းတင်းဖက်ထားရခြင်း
၁၂-ညောင်းညာတိုင်း အနှိပ်သည်ကိုသာအားကိုး၇ခြင်း
 ၁၃-လိုင်းကားတိုးစီးရာတွင်အကာကွယ်မရရှိခြင်း
 ၁၄-ယောင်္ကျားလေးများ၏ မထိတထိစနောက်ခြင်းကို အပြင်သွားလာတိုင်း ခံ၇ခြင်း
 ၁၅-နေမကောင်းသည့်အခါ ကူကယ်ရာမဲ့ခြင်း
 ၁၆- မိုးသည်းထန်စွာရွာပြီး..မိုးခြိမ်းသည့်အခါများတွင် တယောက်တည်းစောင်ခေါင်းမြီးခြုံ ကြောက်လန့်နေရခြင်း
၁၇- အိမ်တွင်သူခိုးကပ်သည့်အခါ မအော်ရဲခြင်း
 ၁၈-ဘုရားသွားသည့်အခါ..အားမလိုအားမရ သူများတွေကိုသာငေးနေရခြင်း
 ၁၉-မင်္ဂလာဆောင်ဖိတ်စာရသည့်အခါများတွင် အားငယ်ခြင်းကိုခံစားရခြင်း
၂၀- သွားချင်ရာသွား..အိမ်ပြန်လာသည့်အခါ စိတ်ပူပန်စွာဖြင့် စောင့်မျှော်မည့်သူမရှိခြင်း
 ၂၁-အိမ်မှုကိစ္စများကို မိမိတယောက်တည်းသာသိမ်းကြုံးလုပ်ရခြင်း
 ၂၂-မိဘများမှ ကလေးကဲ့သို့ နေရာမပေးဆက်ဆံခြင်းကိုသာ တချိန်လုံးခံရခြင်း
 ၂၃-မိုးရွာသည့်အခါထီးဆောင်းပေးမည့်သူမရှိခြင်း
၂၄-မိမိလက်စွမ်းပြချက်ထားသမျှ ကောင်းလိုက်တာဟု...ချီးမွမ်းအားပေးမည့်သူ မရှိခြင်း
၂၅-ပွဲလမ်းဘဘင် ၊ အလှူအတန်းများတွင်..အသိစုံတွဲများကြားတွင် တယောက်တည်း ယောင်နန ထိုင်နေရင်း..မိတ်ဆက်ပေးစရာမရှိခြင်း
 ၂၆--ကားကိုမိမိကိုယ်တိုင်သာ မောင်းနှင်သွားလာရခြင်း..
၂၇--မောင်ရေ..ကိုကိုရေ..ဟုချွဲနွဲ့ ပြီး အလိုရှိရာပစ္စည်းကို ပူဆာခွင့်မရခြင်း....၊
 ၂၈-မိမိပြက္ခဒိန်တွင် အထိမ်းမှတ်နေ့ စွဲများမရှိခြင်း၊အထိမ်းအမှတ် လက်ဆောင်များမရခြင်း
 ၂၉-စိတ်ညစ်၇်ျငိုတိုင်းချော့မည့်သူမရှိခြင်း
၃၀- တခြားမှာစိတ်ညစ်တိုင်း ရန်လုပ်စိတ်ကောက်ပေါက်ကွဲရန်လူမရှိခြင်း

 ( အဲ့လိုဆိုတော့..ဘယ်လိုလုပ်ရရင်ကောင်းမလဲနော်...)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...