Blogger Widgets

Monday, November 4, 2013

Mouse မရှိတဲ့ အခါ Mouse အသုံးပြုသလိုမျိုးကီးဘုတ်ကနေသုံးလို. ရတဲ့နည်းပါ။

၁။ Alt + Shift + Num Lock ( Alt ကီးရယ်၊ Shift ကီးရယ်၊ ညာဘက်ခြမ်းမှာ
ရှိတဲ့ number lock ကီးရယ်ကို တစ်ပြိုင်နက် နှိပ်တာပါ)
၂။ Mouse Keyboard ဆိုတဲ့ box လေးပေါ်လာပြီဆိုရင် Settings ထဲသို့ဝင်ပါ။
၃။ Use Mouse Key မှာ Check box On ပေးရပါမယ်။
၎။ ပြီးရင် ဘေးက Settings ထဲသို့ ထပ်ဝင်ပါ။


၅။ Top Speed ကို high အထိဆွဲတင်ပါ။ Acceleration ကိုလည်း Fast
အထိဆွဲတင်ပါ။
၆။ ပြီးရင် Ok လို့ ပြောပါ။ ညာဘက်ထောင့်အောက်ခြေမှာ Mouse
ပုံစံလေးပေါ်လာပြီဆိုရင် ရပါပြီ။ တကယ်လို့ အဲ့ဒီ Mouse ပုံစံလေးမှာ
မျဉ်းနီလေး
ခတ်ထားပါက Number lock Key ကိုတစ်ချက်ထပ်နှိပ်ပြီး
မျဉ်းနီလေးပျောက်သွားအောင် လုပ်နိုင်ပါတယ်။
၇။ အခုဆိုရင် စပြီးတော့ Key Board ညာဘက်မှ နံပါတ် ကီးများဖြင့် Mouse
Pointer လေးကို ရွှေ့နိုင်ပါပြီ။
၈။ နံပါတ် 5 key ကတော့ mouse မှာပါတဲ့ click နှိပ်သလို အလုပ်လုပ်ပေးပါတယ်။
၉။ Right Click လုပ်ချင်ရင်တော့ Key Board ညာဘက်ခြမ်းက( – )key
ကိုနှိပ်ပေးရပါမယ်။ Left Key ပြန်ပြောင်းချင်ရင်( / )key
ကိုနှိပ်ပေးရပါမယ်။
Drug ဆွဲဖို.ဆိုရင်တော့( o )Key ကိုနှိပ်ပေးရပါမယ်။
၁၀။ အဒီအချိန်မှာ နံပါတ်တွေ ရိုက်ချင်ရင်တော့ ကီးဘုတ်ရဲ့ ညာဘက်ခြမ်းက
နံပါတ်ကီးတွေနဲ.အဆင်ပြေမှာမဟုတ်ပါဘူး။
နဂို မူရင်းအတိုင်း ပြန်ထားချင်ရင်တော့ Alt + Shift + Num Lock ကို
ပြန်နှိပ်ပေးလိုက်ပါ။အဆင်ပြေကြပါစေ..။

Sunday, November 3, 2013

သူများစက်ထဲကို ဘယ်လိုဝင်ကြည့်မလဲ

Window 7 မှာပါတဲ့ Tools လေးတစ်ခု အသုံးပြူပုံလေး တင်ပြချင်ပါတယ်။ Team viewer တို့လို အသုံးပြူနိုင်တဲ့ Tools လေးပါ။ မိမိစက်ကနေ အွန်လိုင်းမှတစ်ဆင့် တစ်ခြားတစ်ယောက်ရဲ့ ကွန်ပျူတာကို ၀င်ကြည့်တာတို့ လိုအပ်တာလေးတွေ လုပ်ပေးလို့ရတဲ့ Tools လေးပါ။ WINDOW TOOLS လေးတွေကို စိတ်ဝင်စားတဲ့ သူငယ်ချင်းများအတွက် စိတ်ဝင်စားဖို့ကောင်းမှာပါ။ အောက်မှာလုပ်ပုံ လုပ်နည်းလေးတွေ ကြည့်လိုက်ပါဦး။
လုပ်နည်း

အကြည့်ခံရမည့်သူ လုပ်ဆောင်ရမည့်အပိုင်း
=============================

၁။ START ထဲမှာ WINDOW REMOTE ASSISTANCE လို့ရိုက်လိုက်ပါ။

၂။ BOX လေးတစ်ခု ကျလာပါလိမ့်မည်။ ကျလာတဲ့ BOX လေးထဲမှာ အပေါ်ကစာကြောင်းလေးကို CLICK နှိပ်ပြီးဝင်လိုက်ပါ။

၃။ BOX လေးကိုနှိပ်ပြီး ရလာတဲ့ ဖိုင်လေးကို DESKTOP မှာ SAVE ထားလိုက်ပါ။

၎။ SAVE လိုက်တာနဲ့ PASSWORD ပေးတဲ့ BOX လေးပါ။ တစ်ခါတည်း ကျလာမှာဖြစ်ပါတယ်။ (BOX ကိုမပိတ်လိုက်ပါနှင့်။)

၅။ ရလာသည့် FILE နဲ့ PASSWORD ကို ကြည့်မည့်သူ ဆီသို့ G-TALK မှတစ်ဆင့် ပို့ပေးလိုက်ပါ။

ကြည့်မည့်သူအပိုင်း
=============

၁။ ကြည့်ခံရမည့်သူ ပို့လာတဲ့ ဖိုင်ကိုဖွင့် ပြီး ပေးထားတဲ့ PASSWORD ကို BOX ထဲမှာ ထည့်လိုက်ပါ။
၂။ ကြည့်လို့ ပြူပြင်လို့ရသွားပါပြီ။

ဖုန်းတွေ ဘာလို့  မကြာခဏ Hang နေရ..


ဖုန်းတွေ ဘာလို့ မကြာခဏ Hang နေရတာလဲဆိုတာ အကြောင်းအရင်းများစွာ ရှိပါတယ်။ CPU နိမ့်နေ တာ ကြောင့်လဲ ဖြစ်နိုင်ပါတယ်။
 ဖြစ်နိုင်ဆုံး အခြေအနေကတော့ ဖုန်းမှာပါတဲ့ Built-in Memory လို့ခေါ်တဲ့ Memory ပမာဏနည်းတဲ့ ဖုန်းတွေက ပို Hang တတ်ပါတယ်။

ဘာကြောင့် Built-in Memory နည်းတဲ့ ဖုန်းတွေက ပို Hang တာလဲ ?

Built-in Memory နည်းတဲ့ဖုန်းတွေက CPU နည်းပါ တယ်။ Built-in Memoryက နည်းနေတဲ့အတွက် External Memory ထပ်ထည့်ရပါ တယ်။
 External Memory 8GB, Built-in Memoryက 125 MB ရှိနေတဲ့ ဖုန်းတစ်လုံးဟာ မကြာခဏ Hangနေတယ်။ဘာကြောင့် လဲဆိုရင် ဖုန်းထဲမှာ သွင်းထားတဲ့ Application တွေများနေတယ်။
 Built-in Memory ရှိသလောက်ကို Applicationတွေ သွင်းထား တာကြောင့်လဲ ဖြစ်နိုင်ပါတယ်။
 နောက်တစ်ခုက External Memory 8GBကို 7GBလောက် Dataတွေ ထည့်ထားတာကြောင့်လဲ ဖြစ်နိုင်ပါတယ်။
အဲ့ဒီလို အခြေ အနေမျိုးမှာ ဖုန်းက OSကိုလဲ Runနေရတယ်။
 တစ်ခြား Application တွေကိုလဲ Run နေရတဲ့ အတွက် သူလုပ်နိုင်တဲ့ စွမ်းရည်ထက် ကျော်လွန်သွား တဲ့အခါ တစ်ခါတလေ Hangတတ်ပါတယ်။

Built-in Memory နည်းတဲ့ ဖုန်းတွေကို အဲ့လို မဖြစ်အောင် ဘယ်လိုလုပ်မလဲ?

ရှင်းပါတယ်၊ သူလုပ်နိုင်သလောက် တာဝန်ကိုပဲ လုပ်ခိုင်းပါ။ CPU နည်းတဲ့အတွက် သူရဲ့အလုပ် လုပ်နိုင်စွမ်း လည်း နည်းပါတယ်။
 ဖုန်းတစ်လုံးက Built-in Memory 125 MB, CPU 800 MHz ရှိတယ် ဆိုပါစို့။
 အဲ့ဒီ Memoryက Android Os ရဲ့ Data ပမာဏကို နုတ်ပြီး လက်ကျန် Memory ဖြစ်ပါတယ်။
 နဂိုထဲက Memory နည်းနေတဲ့အတွက် Application အများကြီး သွင်းလို့ မရပါဘူး။
 ဖုန်းထုတ်တဲ့ လူတွေက ဒါကို တွက်ချက် ပေးပြီးသားပါ။
Applicationတွေကို အစကတည်းက လိုအပ်သလောက် ထည့်ပေးပြီးသားပါ။
 User လက်ထဲရောက်မှာသာ စိတ်ကြိုက် Application ထည့်လို့ရအောင် Memory ချန်ပေးထားတာပါ။
 Built-in Memoryပေါ်မှာ Android Osကလဲ အလုပ်လုပ်နေတယ်၊ Application တွေကလဲ အလုပ် လုပ်နေပါတယ်။
 Built-in Memory နည်းတဲ့ ဖုန်းတွေကို External Memory တတ်နိုင်သမျှ အများဆုံး ထည့်ပါ။ Applicationတွေ လိုအပ်သလောက်ပဲ ထည့်ပါ။ ဂိမ်းကို အချိန် ကြာမြင့်အောင် မဆော့ပါနဲ့။ Recentတွေကို ဖျက်ပေးပါ။ Call Logတွေ အများကြီး သိမ်းမထားပါနဲ့ ဖျက်လိုက်ပါ။
တစ်ပတ် တစ်ခါလောက် ဖုန်းကို Restart လုပ်ပေးပါ။ ဖုန်းဖွင့်ထားဖို့ မလိုအပ်တဲ့ အချိန်တွေမှာ ဖုန်းကို ခဏ ပိတ်ထားပါ။ ဖုန်းဆိုတာ ကွန်ပျူတာထက် အလုပ် ပိုလုပ်ပါတယ်။ ကွန်ပျုတာက အလုပ်လုပ်ပြီးရင် ပိတ်တဲ့အချိန်တွေ ရှိပါတယ်။ ဖုန်းကို Power ပိတ်တဲ့အချိန်က နည်းပါတယ်။ ဒါကြောင့် တစ်ခါတလေ အနားပေးသင့်ပါတယ်။ စက်ပစ္စည်းဆိုတာ လူတွေနဲ့ အတူညီဆုံး ပုံစံတွေယူပြီး တီထွင်ထားတာပါ။ သူတို့လဲ လူတွေလို အနားပေးသင့်ပါတယ်။ လုပ်နိုင်စွမ်းထက် ပိုလာရင် ဘယ်အရာပဲဖြစ်ဖြစ် ပျက်စီးလွယ် ပါတယ်။
ဒီလိုနည်းလမ်းတွေနဲ့ ဖုန်း မကြာခဏ Hang နေတယ်ဆိုတဲ့ Error ကို အတတ်နိုင် ဆုံး ဖြေရှင်း လို့ရ ပါတယ်။

အမှားပါရင် ဝေဖန်အကြံပေးတဲ့အနေနဲ့ comment ရေးပေးသွားပြီးအကြံပြုပေးသွားစေချင်ပါတယ်။
ကျွန်တော် ကိုယ်တိုင်ကလည်းကျွမ်းကျင်တဲ့ပညာရှင် တစ်ယောက်မဟုတ်လေတော့ကာခွင့်လွှတ်ပေးကြပါလို့...
အဆင်ပြေကြပါစေ...ဆက်လက်ကြိုးစားပါအုံးမည်....

Font မရှိဘဲ Word ကိုဖတ်နိုင်ဖို့ ..

ဒီပြသနာကို အနည်းနဲ့ အများတော့ ကြုံဖူးကြမယ်ထင်ပါတယ်
ကိုယ့် စက်မှာရိုက်ထားတဲ့ စာကို computer ဆိုင်မှာ print သွားထုတ်တော့ ဆိုင်က Font ထုတ်မရတဲ့ ပြသနာ
ကိုယ်ရိုက်ထားတဲ့ စာကို သူငယ်ချင်းဆီ ပို့ လိုက်တာ သူ့ ဆီမှာ Fontမရှိလို့  ဖွင့် မရဘူးဆိုတဲ့  ပြသနာ....
အဲလို ပြသနာတွေမဖြစ်ရအောင်လုပ်နည်းလေးရှိပါတယ်...

သတိမထားမိကြလို့ ပါ..
File ကို save as လုပ်တဲ့ အချိန်မှာ tool ကိုသွား..
save option ကိုဆက်ပြီးတော့သွားလိုက်ပါခင်ဗျာ
အဲဒီကိုရောက်ရင် Embed True Type Fontsနဲ့ 
Embed character in use only ဆိုတာလေးကို အမှန်ခြစ်ပေးလိုက်...
ကဲ ..စက်ထဲမှာ Font မရှိလဲ ဖတ်နိုင်ပါပြီခင်ဗျာ...

မသိသေးတဲ့ သူ တွေအတွက် တင်ပေးလိုက်တာပါခင်ဗျာ ဖတ်ပြီးသား,သိပြီးသားလေးတွေဆိုရင်လဲခွင့် လွှတ်ပေါ့ ဗျာ....

Saturday, September 28, 2013

Download အမြန်ဆွဲချင်သူများအတွက် Internet Downlaod Manager

ဗားရှင်းအဟောင်းဖြစ်တဲ့ Internet Download Manager 6.11  ကိုပြန်တင်ပေးလိုက်ပါတယ်ခင်ဗျာ။Path File လည်းထည့်ပေးထားတယ်နော်..။သူငယ်ချင်းများ...စမ်းသုံးကြည့်ချင်တယ်ဆိုရင်တော့ ဒီမှာဒေါင်းလုပ်ရယူနိုင်ပါပြီဗျာ။ အားလုံးအဆင်ပြေပါစေ။

Sunday, August 25, 2013

Fast Reboot

Andriod ဖုန်းကိုသွက်လက်ပြီး ပူနေတဲ့ ဖုန်းအေးစေမယ့်  Fast Reboot လေးကိုတင်ပေးလိုက်ပါတယ်ခင်ဗျာ။ကဲ...သူငယ်ချင်းများ...စမ်းသုံးကြည့်ချင်တယ်ဆိုရင်တော့ ဒီမှာဒေါင်းလုပ်ရယူနိုင်ပါပြီဗျာ။ အားလုံးအဆင်ပြေပါစေ။

Saturday, August 24, 2013

အတွေးစာစု

ယုံကြည်မှု့ ဆိုတာစာရွက် တစ်ရွက်လိုပဲ...
ကြေသွားပြီဆိုတာနဲ့  ဘယ်လိုပဲ ဖြန့် ဖြန့် ....
နဂိုအတိုင်း ပြန်မဖြစ်နိုင်တော့ ဘူး.......။
Related Posts Plugin for WordPress, Blogger...