Blogger Widgets

Tuesday, December 24, 2013

Huawei Y511 မြန်မာဖောင့် ရပြီ...100%


မြန်မာဖောင့်ရပါပြီခင်ဗျာ...U00 , T00 Type နှစ်မျိုးလုံးအဆင်ပြေပါတယ်ခင်ဗျာ...ကျနော်ကိုယ်တိုင်စမ်းပြီးပါပြီခင်ဗျာ

ဖောင့်ထည့်ပုံကိုဆက်လက်ရှင်းပြပါမယ်ခင်ဗျာ...

(1)ဖုန်းကိုUSB ကြိုးတပ်..ပြီး..ကွန်ပျုတာနှင့်ချိတ်ဆက်လိုက်ပါ..Notification Bar ကိုဆွဲချလိုက်..USB connectedဆိုတာလေးကိုနှိပ်လိုက်ပါ..အောက်ကပုံလေးအတိုင်းပေါ်လာလိမ့်မယ်..


Turn on USB storage ဆိုတာကိုနှိပ်လိုက်ပါ..


Computer ထဲမှာ Removable Disk လို့ ပေါ်လာလိမ့်မယ်


Removable Disk ထဲကိုဝင်လိုက်ပါ..ပြီးရင်Folder အသစ်ဆောက်လိုက်ပါ..Folder အမည်ကို font လို့ ပေးပါ..ပြီးရင်..font ကို ဒီမှာရယူပါ

ရလာသောဖောင့်ကိုခုနက..အသစ်ဆောက်ထားတဲ့ font ဆိုတဲ့ Folder ထဲကို ထည့်ပါ...

ပြီးရင်ဖောင့်ကိုinstall လုပ်ဖို့ အတွက်..i Font.apkကို..ဒီမှာရယူပါ
ရလာသော i Font apk လေးကိုဖုန်းထဲမှာinstall လုပ်လိုက်ပါ

ပြီးရင် i Font apk လေးကိုဖွင့်ပါ..အောက်ကပုံအတိုင်းပေါ်လာပါလိမ့်မယ်


ဘေးက local ကိုတစ်ချက်နှိပ်ပါ..အောက်ကပုံလေးအတိုင်းတွေ့ ရပါမယ်


Default Font ကိုနှိပ်ပါ..super user ကနေ ခွင့်တောင်းပါလိမ့်မယ်..အဲ့ကျရင်..allow ကိုနှိပ်ပေးလိုက်ပါ
အောက်ကပုံကိုကြည့်ပါ

ပြီးရင်Select restore fontဆိုတာလေးပေါ်လာပါလိမ့်မယ်..အောက်ကပုံကိုကြည့်ပါ


Backup font နဲ့  Internal font ဆိုပြီးတွေ့ မယ်..Internal  font ကို နှိပ်ပေးလိုက်ပါ..ပြီးရင်..OK ကိုနှိပ်ပေးလိုက်ပါ..Reboot ကျပြီးပြန်တက်လာရင်အမှန်ကန်ဆုံးမြန်မာဖောင့်လေးနဲ့ သုံးလို့ ရပါပြီခင်ဗျာ..
မှတ်ချက်။   ။Root ဖောက်ထားဖို့ တော့လိုပါတယ်ခင်ဗျာ..။



i Font (Easy To Change Font ) APK

သူငယ်ချင်းတို့ ရဲ့ ဖုန်းထဲမှာfont တွေ install လုပ်ဖို့ အတွက်..i Font (Easy To Change Font ) APK

ကဲ...သူငယ်ချင်းများ...စမ်းသုံးကြည့်ချင်တယ်ဆိုရင်တော့ဒီမှာဒေါင်းလုပ်ရယူနိုင်ပါပြီဗျာ။ အားလုံးအဆင်ပြေပါစေ။

V Root 1.7.3.4388 Latest Version

V Root 1.7.3.4388  Latest Version



ကဲ...သူငယ်ချင်းများ...စမ်းသုံးကြည့်ချင်တယ်ဆိုရင်တော့ ဒီမှာဒေါင်းလုပ်ရယူနိုင်ပါပြီဗျာ။ အားလုံးအဆင်ပြေပါစေ။

Monday, December 23, 2013

“ နှေးကွေးနေတဲ့ သင့် Laptop ကို မြန်ဆန်အောင်လုပ်ပေးမယ့် အချက် ၇ ချက် ”




သင့်ရဲ့ Laptop ဟာ ၀ယ်ခါစတုန်းကထက်စာရင် အလုပ်လုပ်တဲ့နေရာမှာ ပိုပြီးနှေးကွေးသွားပြီဆိုတာ သင်သတိပြုမိတယ်ဆိုပါစို့။ သင်ဘာလုပ်မလဲ။ အလုပ်လုပ်တာ ပိုမြန်မယ့် နောက်အသစ်တလုံး ထပ်ဝယ်ဖို့ကလည်း သင့်အတွက် ခက်ခဲကောင်း ခက်ခဲ နေပါလိမ့်မယ်။ အဲဒီအတွက် အကုန်အကျသက်သာမယ့် ပြုပြင်မွမ်းမံမှုတွေကို သင်ကိုယ်တိုင် ပြုလုပ်ရ တော့မှာပါ။ ဒါဆိုရင်တော့ အောက်မှာ ရေးသားထားတဲ့ အချက် ၇ ချက်ကို စမ်းသပ်လုပ်ကိုင်ကြည့်ပါ။ သင့် Laptop ပိုမိုမြန်ဆန်လာတာ တွေ့ရပါလိမ့်မယ်။

အောက်မှာဖော်ပြထားတဲ့အချက်တွေဟာ အမေရိကန်အခြေစိုက် Laptopမဂ္ဂဇင်းအဖွဲ့က လက်တွေ့ စမ်းသပ်ထားတဲ့ အချက်တွေပါ။ စမ်းသပ်တဲ့နေရာမှာ အင်မတန်နှေးကွေးတဲ့ xp နဲ့ vista ၀င်းဒိုးစနစ် သုံး Laptop နှစ်လုံးကို အသုံးပြုခဲ့ပါတယ်။


၁။ သင့် Laptop ကို memory(၀ါ)RAM ပမာဏထပ်တိုးပါ

RAM လို့ခေါ်တဲ့ memory ပမာဏထပ် တိုးတာဟာ အလွန်နှေးကွေးတဲ့ ကွန်ပြူတာတွေကို ပိုမို မြန်ဆန်အောင်လုပ်ပေးမယ့် နည်းများစွာထဲက တခုပါဘဲ။ RAM ထုပ်လုပ်တဲ့ Crucial စက်ရုံရဲ့အဆိုအရ ဆိုရင် ၀င်းဒိုးXP အတွက် RAM ပမာဏ အနည်းဆုံး 1GB ရှိရမှာဖြစ်ပြီး ၀င်းဒိုးVista အတွက်ကတော့ အနည်းဆုံး 2GB ရှိရမှာပါ။ RAM ပမာဏ ပိုများတာနဲ့အမျှ သင့်ကွန်ပြူတာဟာ ပိုမိုမြန်ဆန်လာမှာဖြစ်ပြီး ပရိုဂရမ်များကိုလည်း တပြိုင်တည်းအသုံးပြုနိုင်လိမ့်မယ်လို့ သိရပါတယ်။

Laptop မဂ္ဂဇင်းအဖွဲ့ရဲ့စမ်းသပ်မှုအရ 358 MB အရွယ်ရှိတဲ့ ဖိုင်တခုကို RAM ပမာဏ 1GB နှင့် zip ဖိုင်လုပ်ရာတွင် ၁ နာရီ ၄၅ မိနစ်ခန့်အချိန်ကြာခဲ့ပြီး RAM ပမာဏ 2GB နှင့်အစားထိုးစမ်းသပ်ရာတွင် ၁ နာရီ ၁၀ မိနစ်ခန့်သာ အချိန်ကြာခဲ့သည်။

၂။ ကွန်ပြူတာတွင်းရှိဖိုင်များကို Disk Defragmenter အသုံးပြုပြီးနေရာတကျစီပါ

သင့် Laptop ထဲကဖိုင်တွေကို တလမှာဘယ်နှစ်ခါ စီပေးရမယ်လို့တော့ အတိအကျပြောလို့မရပါ ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ သင့်ရဲ့ကွန်ပြူတာအသုံးပြုမှုအချိန်ပမာဏပေါ်မူတည်ပြီးမှ ဆုံးဖြတ်လို့ ရမှာဖြစ်လို့ပါဘဲ။ သင့်ကွန်ပြူတာဟာ အသုံးပြုမှုများမယ်၊ Software တွေသွင်းလိုက်၊ဖျက်လိုက်မကြာ ခဏလုပ်မယ်ဆိုရင် ကွန်ပြူတာ Hard Disk ထဲမှာရှိတဲ့ ဖိုင်တွေဟာ ဟိုတစ ဒီတစနဲ့ပြန့်ကျဲနေပါလိမ့်မယ်။ အဲဒီအခါမှာ သင်က ကွန်ပြူတာကို ဖိုင်တခု(သို့)application တခုကို ဖွင့်ခိုင်းလိုက်မယ်ဆိုပါစို့။ သင့် ကွန်ပြူ တာဟာ သူ့ရဲ့ Hard Disk ထဲမှာရှိတဲ့ ပြန့်ကျဲနေတဲဖိုင်တွေထဲက သင်လိုချင်တာကို တစစီလိုက်ကောက် ပေးနေရတဲ့အတွက် အချိန်မကြာသင့်ဘဲကြာသွားရပါတယ်။ သင့်ကွန်ပြူတာထဲက ဖိုင်တွေကို စီပေးချင်း အားဖြင့် ဒီအချိန်ယူမှုကို လျော့ချနိုင်ပါတယ်။ အဲဒီအတွက် Start – All Programs – Accessories – System Tools ကိုအဆင့်ဆင့်သွားပါ။ System Tools ထဲက Disk Defragmenter ကို နှိပ်ပြီး သင့်ကွန်ပြူတာ Hard Disk ထဲက ဖိုင်တွေကို နေရာတကျစီပေးလိုက်ပါ။

Laptop မဂ္ဂဇင်းအဖွဲ့ရဲ့စမ်းသပ်မှုအရဆိုရင် ဖိုင်စီပြီးနောက်ပိုင်း ကွန်ပြူတာဖွင့်တဲ့နေရာမှာ ၀င်းဒိုး တက်တာ ပိုမြန်လာတာကိုတွေ့ရပါတယ်။ နောက်ပြီး ပရိုဂရမ်တွေကို ဖွင့်တဲ့နေရာမှာလည်း ပိုမိုမြန်ဆန် လာပါတယ်။ နောက်ထပ်စမ်းသပ်မှုတခုအနေနဲ့ ‘find me.txt’ လို့အမည်ပေးထားတဲ့ ဖိုင်တခုကို Hard Disk ရဲ့ အတွင်းကျကျနေရာမှာ သိမ်းဆည်းပြီး ကွန်ပြူတာကို ရှာခိုင်းခဲ့ပါတယ်။ ဖိုင်မစီပေးခင်တုန်းကဆိုရင် ရှာခိုင်းတဲ့ဖိုင်ကို တွေ့ဖို့ ၂၂ စက္ကန့်အချိန်ကြာပြီး ဖိုင်စီပြီးနောက်ပိုင်းရှာခိုင်းတဲ့အခါ ၆ စက္ကန့်သာ အချိန် ကြာခဲ့ပါတယ်။

၃။ သိပ်ပြီးအရေးမကြီးတဲ့ program တချို့ကို ပိတ်ထားပါ

တချို့ Laptop တွေဆို စဖွင့်လိုက်တာနဲ့တပြိုင်ထဲ ၀င်းဒိုးစနစ်နဲ့အတူ သင်သိပ်မသုံးတဲ့ပရိုဂရမ်တွေ အလိုလျှောက် အလုပ်လုပ်ပြီး ပွင့်လာပါတယ်။ ဒါကြောင့် ကွန်ပြူတာဟာ သင်မသုံးခင်ကတည်းက နှေး ကွေးသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီ ပရိုဂရမ်တွေဟာ သင့်ကွန်ပြူတာရဲ့ RAM ပမာဏ တချို့နဲ့ CPU အားကို သုံးစွဲလိုက်လို့ဘဲ။ ဒါကြောင့် ကွန်ပြူတာစဖွင့်ဖွင့်ခြင်း ၀င်းဒိုးစနစ်နဲ့လိုအပ်တဲ့ system ဖိုင်တ ချို့ကိုသာ အလုပ်ပေးလုပ်စေသင့်ပါတယ်။ သိပ်အရေးတကြီးသုံးမှာမဟုတ်တဲ့ Google Talk,iTune, Quicktimeplayer တို့လို ပရိုဂရမ်ဖိုင်တွေကို ပိတ်ထားသင့်ပါတယ်။ အဲဒီလိုပိတ်ဖို့အတွက် ၀င်းဒိုးXP မှာ Start – Run ကိုနှိပ်ပြီးပေါ်လာတဲ့ အကွက်ထဲမှာ msconfig ဆိုပြီးရိုက်ထည့်လိုက်ပါ။ ပေါ်လာတဲ့ box ထဲက serviecs နဲ့ startup ဆိုတဲ့ခေါင်းစဉ်အောက်မှာ ကွန်ပြူတာဖွင့်ဖွင့်ချင်း အလုပ်မလုပ်စေချင်တဲ့ဟာတွေမှာ အမှန်ခြစ်ထားတဲ့ အမှတ်လေးတွေ့ရင် ကလစ်နှိပ်ပြီး ဖြုတ်လိုက်ပါ။ ၀င်းဒိုး Vista မှာဆိုရင်တော့ Search box ကနေ့တဆင့် သွားရောက်ချိန်ညှိရမှာပါ။

အဲဒီလိုချိန်ညှိတဲ့နေရာမှာ သင့်အနေနဲ့တခုသတိထားရမှာက ၀င်းဒိုးစနစ်အလုပ်လုပ်ဖို့ ကူညီပေးတဲ့ system ဖိုင်တွေကို သွားပြီးပိတ်မထားမိစေဖို့ပါဘဲ။ ဒါကြောင့် သင့်အနေနဲ့ ဘယ် program တွေကို ပိတ်ထားရမယ်ဆိုတာ မသေချာဖြစ်နေရင် အတန်အသင့် နားလည်တတ်ကျွမ်းတဲ့ မိတ်ဆွေတွေကို အကူညီတောင်းပြီး လုပ်ခိုင်းတာအကောင်းအဆုံးပါဘဲ။ မိတ်ဆွေကလည်း မကူညီနိုင်ဘူးဆိုရင်တော့ အင်တာနက်ပေါ်က အခမဲ့အသုံးပြုခွင့်ပေးထားတဲ့ PC Decrapifier (www.pcdecrapifier.com) ပရိုဂရမ်ကိုအသုံးပြုပြီး မလိုအပ်တဲ့ ပရိုဂရမ်တွေကို ပိတ်ထားသင့်ပါတယ်။ အဲဒီလိုချိန်ညှိလိုက်ခြင်းအားဖြင့် Laptop ရဲ့အလုပ်လုပ်နှုန်း ပိုမြန်လာတာကို တွေ့ရပါတယ်။

၎။ သင့် Laptop ရဲ့ စနစ်ပိုင်းဆိုင်ရာကို အကောင်းဆုံးဖြစ်အောင် ချိန်ညှိပါ

သင့် Laptop ဟာ သုံးစွဲတာကြာလာတာနဲ့အမျှ registry တွေအမှားတွေဖြစ်ပေါ်လာတတ်ပါတယ်။ ဒါမှမဟုတ် program တွေ, software တွေကို စနစ်တကျ ထည့်သွင်းခြင်း ဒါမှမဟုတ် စနစ်တကျ ဖယ်ရှားခြင်းတွေ မလုပ်တဲ့အတွက် စနစ်ပိုင်းဆိုင်ရာမှာ အမှားတွေဖြစ်လာပါတယ်။ ဒီအတွက်သင့် Laptop နှေးကွေးသွားပါလိမ့်မယ်။ ဒီစနစ်ပိုင်းဆိုင်ရာတွေချိန်ညှိဖို့ သင့်အနေနဲ့ ခက်ခဲကောင်းခက်ခဲနေမယ်ဆိုရင် တော့ ပိုက်ဆံအနည်းငယ် အကုန်ခံရပါလိမ့်မယ်။ အမေရိကန်ဒေါ်လာ ၅၀ တန်ဖိုးပေးဝယ်ရတဲ့ iolo System Mechanic 7 ပရိုဂရမ်ကိုအင်တာနက်ပေါ်ကတဆင့်ဝယ်ယူပြီးအသုံးပြုဖို့တိုက်တွန်းပါရစေ။

Laptop မဂ္ဂဇင်းအဖွဲ့ကနေ iolo System Mechanic 7 ပရိုဂရမ်အသုံးပြုပြီး ၀င်းဒိုး XP သုံး Laptop ကို စစ်ဆေးလိုက်တဲ့အခါ registry အမှားပေါင်း ၃၁၂ ခုနဲ့ Hard Disk ထဲမှာလည်း အမှားအယွင်း တွေရှိတာတွေ့ရပါတယ်။ အဲဒီအမှားတွေကို ပြန်လည် ပြင်ဆင်ပြီး စမ်းသပ်တဲ့အခါမှာတော့ XP ၀င်းဒိုးသုံး Laptop ဟာ အလုပ်လုပ်တဲ့နေရာမှာ အရင်ကထက် ၂ စက္ကန့်ပိုမြန်လာတာကို တွေ့ရပါတယ်။

တဆက်တည်း ၀င်းဒိုး Vista သုံး Laptop ကို စစ်ဆေးကြည့်တဲ့အခါ spyware ၂ ခု၊ registry အမှားပေါင်း ၁၅၄ ခုနဲ့ Hard Disk အမှားအယွင်းဖြစ်နေတာကို တွေ့ရပါတယ်။ အဲဒီအမှားတွေကို ပြုပြင် ပြီးနောက်တကြိမ်စက်ကို အသုံးပြုကြည့်တဲ့အခါမှာ အရင်ကထက် ၈ စက္ကန့်ပိုမိုမြန်ဆန်လာပါတယ်။

၅။ Search Indexing ကိုပိတ်ထားပါ

Search Indexing ကိုဖွင့်ထားမယ်ဆိုရင် သင့် Laptop နှေးကွေးသွားပါလိမ့်မယ်။ အဲဒါကို ပိတ်ဖို့အတွက် ၀င်းဒိုး XP နဲ့ Vista နှစ်ခုစလုံးမှာ နည်းလမ်းအတူတူပါဘဲ။ My Computer ကနေတဆင့် Hard Disk ဆီကိုသွားပါ။ Hard Disk အမှတ်အသားပေါ်မှာ မောက်စ် right click နှိပ်ပြီး Properties ကို နှိပ်လိုက်မယ်ဆိုရင် box တခုပေါ်လာပါလိမ့်မယ်။ General Tab အောက်က “Allow Indexing Service to index this disk for fast file searching” ကို အမှန်ခြစ်ထားတာတွေ့တယ်ဆိုရင် ဖြုတ်ပေးလိုက်ပါ။ ဒါဆိုရင် သင် Search Indexing ကို ပိတ်ပြီးသွားပါပြီ။

စမ်းသပ်မှုအရ Search Indexing ကိုပိတ်လိုက်ခြင်းအားဖြင့် ၀င်းဒိုး နှစ်ခုစလုံးမှာ စက္ကန့် ၃၀ ခန့် ပိုမိုမြန်ဆန်လာတာတွေ့ရပါတယ်။

၆။ သင့် Laptop ထဲက Spyware တွေကိုသတ်ပါ

Spyware ဆိုတာ သင်မသိအောင် သင့် Laptop ထဲမှာ အလုပ်လုပ်နေတဲ့ ဆော့ဖ်ဝဲတမျိုးပါဘဲ။ အဲဒီ Spyware အမျိုးအစားဆော့ဖ်ဝဲတွေက သင့်ကွန်ပြူတာထဲမှာ ဘာတွေရှိတယ်၊ သင်ဘာတွေလုပ်နေ တယ်ဆိုတာကို Spyware ထုတ်လွှတ်လိုက်သူထံ တိတ်တဆိတ်ပြန်လည်ပို့ဆောင်ပေးနေပါတယ်။ Spyware တွေဟာ အင်တာနက်ကနေတဆင့် သင့်ကွန်ပြူတာထဲကိုဝင်ရောက်လာတာများပါတယ်။ သင့် ကွန်ပြူတာထဲမှာ Spyware ရှိနေတဲ့အတွက် သင့်ရဲ့ပုဂ္ဂိုလ်ရေးလုံခြုံမှုကို ထိခိုက်သလို သင့်ကွန်ပြူတာကို လည်းနှေးကွေးစေပါတယ်။ အဲဒီ Spyware တွေကို ရှာဖွေဖော်ထုတ်ပြီးသတ်ဖို့အတွက် Spybot Search & Destroy ဆိုတဲ့ဆော့ဝဲကို (www.safer-networking.org/en) မှာဒေါင်းလုပ်ပါ။ ပြီးတော့ သင့်ကွန်ပြူ တာကို မကြာခဏစစ်ဆေးပေးလိုက်ရုံနဲ့ Spyware တွေရဲ့ရန်ကို အထိုက်လျှောက်ကာကွယ်ပြီးသားဖြစ် သွားသလို အလုပ်လုပ်တာလည်း ပိုမြန်သွားပါလိမ့်မယ်။

စမ်းသပ်မှုအရ အဲဒီအခမဲ့ရနိုင်တဲ့ Spybot Search & Destroy ဆော့ဖ်ဝဲဟာ Spyware တွေကို ရှာဖွေနှိမ်နှင်းပေးတာတွေရပါတယ်။ အဲဒီတော့သင့်ကိုလည်း Spybot Search & Destroy ဆော့ဖ်ဝဲအ သုံးပြုဖို့ ထောက်ခံပါတယ်။

၇။ စနစ်နောက်ကွယ်က သိပ်အရေးမကြီးတဲ့ update service တွေကိုပိတ်ထားပါ

သင့်ကွန်ပြူတာဟာ တခါတလေ သိပ်ပြီးအရေးမကြီးတဲ့ Google Earth, Google Toolbar နဲ့ တခြား Google နဲ့ပတ်သက်တာတွေကို သင့်နောက်ကွယ်မှာ update လုပ်ဖို့အလိုလျှောက်ကြိုးစားနေ တတ်ပါတယ်။ ဒါတွေဟာ ကွန်ပြူတာကို အလုပ်များစေတဲ့အတွက် လုပ်ငန်းလုပ်ရာမှာ နှေးကွေးသွားစေ ပါတယ်။ အဲဒါတွေကို ရှာဖွေပြီးပိတ်ဖို့ Run box ထဲမှာ services.msc ဆိုပြီးရိုက်ထည့်လိုက်ပါ။ သင့်ကွန် ပြူတာထဲမှာရှိတဲ့ service တွေပေါ်လာပါလိမ့်မယ်။ အဲဒီထဲက သင့်အနေနဲ့ မလိုအပ်ဘူးလို့ ယူဆတဲ့ဟာကို မော့က်စ် right click နှိပ်ပြီး properties ကို ခေါ်လိုက်ပါ။ properties box ထဲက startup type ဆိုတဲ့ ဘေးအကွက်ထဲမှာ manual ဒါမှမဟုတ် disable ကို ပြောင်းပေးလိုက်ပါ။ လက်တွေ့စမ်းသပ်မှုအရ ကွန် ပြူတာ ပိုမိုမြန်ဆန်လာတာတွေ့ရပါတယ်။


(မသိသေးသော သူငယ်ချင်းများအတွက် ရည်ရွယ်ပါသည်)

ကွန်ပျူတာမြန်ဆန်စေဖို့ အခြေခံကျတဲ့နည်းလမ်း



၁။ ပထမဆုံး
run box ကိုဖွင့်လိုက်ပါ။
-start ကနေသွားလည်းရတယ်။ Windows key နဲ့ R တွဲနှိပ်လည်းရပါတယ်။
-run box မှာ gpedit.msc လို့ရိုက်လိုက်ပါ။
-ဘယ်ဘက်မှာ computer configuration ကိုရွေးလိုက်ပါ။
-Administrative Templates ကိုရွေးပါ။
-Windows Components ကိုရွေးပါ။
-Terminal services ကိုရွေးပါ။
-Temporary folders ကိုဆက်ရွေးပါ။
-Do not delete temp folder upon exit မှာ right click ခေါက်ပြီး properties ကိုရွေးပါ။
-ပြီးရင် disable ကိုရွေးချယ်လိုက်ပါ။
-ပြီးရင် apply ၊ ok လိုက်ပါ။

ဒါဆိုရင်တော့ temp files တွေဖျက်လို့ရပါပြီ။
ခုနလိုပဲ run box ပြန်ခေါ်လိုက်ပါ။ ပေါ်လာတဲ့ ဘောင့်စ်မှာ %temp% လိုက်ရိုက်ထည့်လိုက်ပါ။
ပြီးရင် enter ခေါက်လိုက်ပါ။ ဒါဆို temp files တွေပေါ်လာပါပြီ။ delete နဲ့ဖျက်လိုက်ပါ။
တချို့ဖိုင်တွေ အလုပ်လုပ်နေသေးလို့ ဖျက်လို့မဘူးလို့ ပြောပါလိမ့်မယ်။

၂။ နောက်တစ်မျိုး

run box ခေါ်လိုက်ပါ။ prefetch လို့ရိုက်လိုက်ပါ။ ctrl+A နဲ့အားလုံး select ပေးပြီး ဖျက်ပြစ်လိုက်ပါ။

 ၃။ Hard disk ကိုရှင်းရအောင်

Windows XP မှာ hard disk ကိုရှင်းတဲ့ tool လေးတစ်ခုပါဝင်ပါတယ်။ တကယ်ကိုကောင်းမွန်ပါတယ်။
Start
All Program
Accessories
System tools
Disk cleanup ထိသွားလိုက်ပါ။
ရောက်သွားရင် ကိုယ်ရှင်းချင်တဲ့ drive ကိုရွေးချယ်ပြီးတော့ ရှင်းလို့ရပါပြီ။ ပုန်းကွယ်နေတဲ့ အမှိုက်သရိုက်တွေအားလုံး
ကို ရှင်းလင်းပေးပါလိမ့်မယ်။ မရှင်းတာကြာရင်ကြာသလောက် အချိန်စောင့်ရပါတယ်။ အပြင်ခနသွားတာတို့ ကော်ဖီ
သောက်တာတို့ စသည်အချိန်တွေမှာ ရှင်းထားနိုင်ပါတယ်။ ကျွန်တော်လည်း ဒီလိုပဲ ကော်ဖီသောက်ချိန်ဆိုရင် ရှင်းထား
လိုက်တာပဲ။ အစအနမကျန်အကုန်ရှင်ပေးပါတယ်။

၎။ မသုံးတဲ့ program တွေဖယ်ထုတ်ရအောင်

Start
Run
run box ခေါ်ပြီးရင် msconfig လို့ရိုက်လိုက်ပါ။ System Configuration Utility ဘောင့်စ်ပေါ်လာပါလိမ့်မယ်။
Startup ဆိုတဲ့ tab ကိုရွေးချယ်လိုက်ပါ။ ကိုယ့်အတွက်အသုံးမလိုတော့တဲ့ program တွေရှေ့မှာ အမှန်ခြစ်ထားခဲ့ရင်
uncheck (အမှန်ခြစ်ကိုဖြုတ်)လုပ်ပါ။ ပြီးရင် restart ပြန်ချလိုက်ပါ။

၅။ ပရိုဂရမ်ရဲ့အမြန်နှုန်းကို မြှင့်တင်ရအောင်

screen အောက်ခြေက taskbar ကို right click ခေါက်ပါ။ ပေါ်လာတဲ့ထဲက Task Manager ကိုရွေးပါ။
process ဆိုတဲ့ tab ကိုထပ်ရွေးပါ။ ကိုယ့်စက်ထဲမှာရှိတဲ့ program တွေ ပေါ်လာပါလိမ့်မယ်။
ကိုယ်မကြာခနသုံးလေ့ရှိတဲ့ program ပေါ်မှာ right click ခေါက် set priority မှာ high ကိုရွေးပေးလိုက်ပါ။

Phone IC အကြောင်း




I . C (ယေဘူယ ခွဲခြားနည်း)
၁ ။ POWER I.C ခွဲခြားရင် ဘေးမှာ POWER Crystal ရှိတယ် Capacitor တွေအများကြီးရှိတယ်
၂ ။ Nokia မှာ Second Powei IC ခွဲလိုလျှင် ဘေးမှာ Coil အ၀ိုင်းကြီးရှိတယ် (Betty တို့ Tahbo စသည်ဖြင့် IC ပေါ်တွင်ရေးထားသည်။)
၃ ။ CPU ခွဲလိုလျှင် လေးထောင့်ညီညီနှင့် အကြီးဆုံး IC
၎ ။ CPU ဘေးမှာ ရှည်ရှည်သွယ်သွယ် IC ကSoftware ရေးတဲ့ Flash IC
၅ ။ GSM Pa IC က အင်တာနာ Pad အနီးနားမှာ
၆ ။ WCDMA PA IC က ဘေးနားမှာDuplex Falter ရဲ့ ကာလာရောင် ရွှေ ကြေး အနက်ရောင် စသည်ဖြင့် ဘေးနားမှာရှိ
၇ ။ GSM နဲ့ WCDMA မှာ GSM IC က နည်းနည်းပိုကြီးတယ် Duplex FLTER က Digital Mic
၈ ။ RF IC (Network IC) ခွဲလိုလျှင် ဘေးမှာ Network Crystal ,Soft Falter (မဲမဲအရောင်)ရှိ
၉ ။ Bluetooth IC ဘေးနားမှာ MHz ရှိတယ် (Nokia) မှာဆို အဖြူရောင် အခြားမှာဆို နှစ်လုံးပြူး Capacitor ထက် နည်းနည်းသေးတဲ့ပုံအတိုင်းလာတယ်
၁၀။ WiFi IC က Power IC အရွယ်လောက်ရှိတယ် သူဘေးနားမှာ သူ့အတွက်သီးသန့် INT တစ်ခုရှိတယ်
၁၁။ BackLight IC ဘေးမှာ ကွိုင် အ၀ိုင်းကြီး ရှိ SAMSUNG HUAWEI SONY Etc ဘေးမှာ Diode , Coil ရှိတယ်
၁၂။ GPS IC က ပြောင်လက်လက် ပါးပါးလေး Crystal သေးသေးလေးလည်းဘေးမှာရှိတယ်
၁၃။ USB IC က Charging လမ်းကြောင်း USB Connector အနီးမှာ သေးသေးလေး
၁၄။ SIM IC က SIM Connector ရဲ့ဘေးနားလောက်မှာ မာကင်ရဲ့ အောက်မှာ (စောင်းကြည့်လျှင်[8]အလယ်လွတ် ထောင့်လွတ်)
၁၅။ Camera IC က Camera အိုက်ရဲ့အနီးအနားမှာ Second Power IC အရွယ်လောက်ရှိမယ်
၁၆။ Display IC ကDisplay Connector ရဲ့အနီးမှာ
၁၇။ Keypad IC က Keypad ရဲ့အနီး အပေါ် ဒါမှမဟုတ်အောက်
၁၈။ memory Card IC က mmc caplock ရဲ့ ဘေးနားမှာ
RESISTOR (R) (အပေါ်ကအမဲ)ဖြုတ်လိုက်ရင်အောက်ကအဖြူ
CAPACITOR (C)(or) CONDENSER အသားရောင်လေးထောင့် တိုင်းရင်(Circuit Board မှ ဖြုတ် တိုင်းရမယ်)
DIODE (D) မှာ ငုတ်သေးသေးလေးတွေပါ (Cathode=K ဘက်မှ အနီလေးပါတယ် Cathode မှာအနီ Anode=A ဘက်မှာအနက် မှန်အောင်ခွဲရမည်
COIL (L) ဖြုတ်စရာမလို Circuit မှာတိုင်း (ပုံစံက) Resistor နဲ့တူတယ် နန်းကြိုးသေးသေးလေးတွေပတ် အ၀ိုင်းအမည်းနဲ့လည်းလာ
FUSE (F) က Capacitor နဲ့လွဲတတ်တယ်
TRANSISTOR ဖြုတ်တိုင်းရတယ် Transistor နဲ့ Diode နဲ့ဆင်တယ် နှစ်ငုတ်နဲ့ သုံးငုတ်ဘဲကွာတယ်
CRYSTAL (Y) က ကောင်းမကောင်းတိုင်းမရ Size တူတာလဲ ကြည့်ပြီးမှ သိနိုင် (မှန်အောင်တပ်ရမှာက အနက်ရောင် ငုတ်လေးနှစ်ဘက် ကွေးကွေးလေး (-)ရှိတယ် ဖြုတ်ရင်အသေအချာမှတ်
အထူးမှတ်သားရန်
Back Up BATTERY ကို AIR GUN ,HEAT GUN နဲ့ မဖြုတ်ရပေါက်ကွဲတတ်သည်။

SAMSUNG အတုအစစ်ခွဲနည်း
*#0011#လိုင်းဆွဲအားပြ
Another way
*#0*# Test လုပ်ရန်ပေါ် receiver button ကိုနှိပ် အသံရှည်မြည်

HUAWEI အတုအစစ်ခွဲခြားနည်း
*#*#2846579#*#* Project menu ---->>> Network Setting ----->>>Operator ---->>>CHINA TELECOM CNဆိုရင် မှန်တယ်(အစစ်ပေါ့ကွာ)
နောက်တစ်နည်း MEID (*#06#)နံပါတ်နှင့် battery အောက်မှ Serieal Number တူတယ်
Credit to  Nay Aung

Saturday, December 21, 2013

ခါးနာခြင်း ကင်းဝေးစေမည့် ကိုယ်နေဟန်ထားများ



(၁) မှန်ကန်သော အနေအထား
ကိုယ်နေဟန်ထား မှန်မှသာ ခါးနာ ဝေဒနာ ကင်းဝေးမှာ ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အနေအထားမျိုး နေ
တဲ့အခါ ကျောရိုးဟာ သန်စွမ်းပြီး တည့်မတ်နေပါတယ်။ ကျောရိုးက ခုံးတာ၊ ခွက်တာတွေ ဖြစ်ရင် ကြွက်သားနဲ့ တွယ်
ဆက်မျှင်တွေဟာ ကျောရိုး ဟန်ချက်ညီအောင် အတင်း တည်ဆောက်နေရတာကြောင့် ညောင်းညာတာ၊ ခါးနာတာ၊
ခေါင်းကိုက်တာနဲ့ တခြား ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။
(၂) ကျောရိုး၏ ကွေးညွတ်မှု
ကျန်းမာရေး ကောင်းနေတဲ့ ခါးနောက်ကျောမှာ သဘာဝ အကွေးသုံးမျိုး ရှိပါတယ်။ လည်ပင်း အကွေး၊ ခါးအပေါ်ပိုင်း
အကွေးနဲ့ ခါးအောက်ပိုင်း အကွေးတို့ပဲ ဖြစ်ပါတယ်။ မှန်ကန်တဲ့ ကိုယ်နေဟန်ထားဟာ ဒီအကွေး သုံးမျိုးကို တည်မြဲနေ
အောင် ထိန်းထားနိုင်ပေမယ့် ကိုယ်နေဟန်ထား မမှန်ရင်တော့ ကြွက်သားတွေပေါ်ကို ဖိအား ကျရောက်စေကာ
နာကျင်စေနိုင်ပါတယ်။
(၃) မှန်ကန်သော မတ်တတ်ရပ် အနေအထား
မတ်တတ်ရပ်တဲ့ အခါ ရင်ဘတ်ကို မြှင့်ထားရပါမယ်၊ ပခုံးတွေက နောက်ဘက်ကို ရောက်ပြီး တင်းမထားရပါဘူး။
ဗိုက်နဲ့ တင်ပါးတွေက ရင်ဘတ်နဲ့ ယှဉ်ရင် နောက်ဘက် ရောက်နေရပါမယ်၊ ကိုယ်အလေးချိန်ဟာ ခြေထောက်
နှစ်ဖက်စလုံးပေါ်မှာ အညီအမျှ ရှိနေရပါမယ်။
(၄) နံရံကပ်ကာ စစ်ဆေးနည်း
မတ်တတ်ရပ်တဲ့ အနေအထားက မှန်၊ မမှန် သိအောင် နံရံကို ကပ်ပြီး စစ်ဆေးသင့်ပါတယ်။ ခြေဖနောင့်တွေကိုတော့
နံရံနဲ့ ၂-၄ လက်မ အကွာလောက် ထားပြီး ခေါင်း၊ ပခုံးနဲ့ တင်ပါးတွေကို နံရံနဲ့ ထိကာ ရပ်ပါ။ သင့်ကျောနဲ့ နံရံရဲ့
အကွာအဝေးက လက်တစ်ဝါးစာ အထူလောက်ပဲ ရှိသင့်ပါတယ်။ တကယ်လို့ အလွန် ဝေးနေရင် ဝမ်းဗိုက် ကြွက်သား
တွေကို ရှပ်ပြီး ရပ်ပါ။ အလွန် နီးနေရင်တော့ သင့်ခါးကို နည်းနည်း မြှင့်လိုက်ပါ။ အဲဒီ အနေအထား အတိုင်း လမ်း
လျှောက်တာ၊ ရပ်တာတွေကို လုပ်ဆောင်ပေးပါ။
(၅) မှန်ကန်သော ထိုင်နည်း အနေအထား
ကြမ်းပြင်ပေါ်မှာ ခြေဖဝါး နှစ်ဖက်စလုံးကို ချထားနိုင်မယ့် ထိုင်ခုံမျိုးနဲ့ ထိုင်ပါ။ ဒူးတွေက တင်ပါးနဲ့ တစ်တန်းတည်း
ဖြစ်နေရပါမယ်။ နောက်ကျောကို ထိုင်ခုံ နောက်မှီမှာ မတ်မတ် ထိုင်ပါ။ လိုအပ်ရင် ခါးနောက်ကျော အကွေး နေရာမှာ
တဘက် ဒါမှမဟုတ် ခေါင်းအုံးသေး ထည့်ထားပါ။ ညောင်းညာလာရင် ခေါင်းကို မျက်နှာကြက်ဆီ ကြည့်လိုက်၊
မေးစေ့ကို အောက်ဆွဲချလိုက် လုပ်ပေးပါ။ နောက်ကျော အပေါ်ပိုင်းနဲ့ လည်ပင်းတွေ ကတော့ သက်သောင့်သက်သာ
နဲ့ မတ်နေရပါမယ်။ ပခုံးတွေကိုလည်း မြှင့်ထားတာ၊ နှိမ့်ချထားတာမျိုး မလုပ်ဘဲ သက်သောင့်သက်သာ ထားရှိပါ။
(၆) ပခုံး၏ မှန်ကန်သော အနေအထား
ထိုင်နေချိန်မှာပဲ ဖြစ်ဖြစ်၊ ရပ်နေချိန်မှာပဲ ဖြစ်ဖြစ် ပခုံး အနေအထားကို ဂရုစိုက်ပါ။ ပခုံးကို လျှောတာ၊ မြှင့်တာတွေ
မဖြစ်ပါစေနဲ့။
(၇) တုံ့ပြန်မှုကို စစ်ဆေးပါ
သင့်ပခုံးတွေ မတ်နေတယ်ဆိုတာ သိနိုင်အောင်မှန်ရှေ့မှာ မတ်မတ်ရပ်ပြီးသင့်ပခုံး အနေအထားကို စစ်ဆေးကြည့်ပါ။
(၈) အကျိုးကျေးဇူး
မှန်ကန်သော အနေအထား ရအောင် လေ့ကျင့်ရတာက အစပိုင်းမှာ ပင်ပန်းနေနိုင်ပေမယ့် ကြာလာတဲ့အခါ နေရထိုင်
ရတာ သက်သောင့်သက်သာ ရှိလာတာကို တွေ့ရမှာပါ။ အသက်အရွယ်မရွေး ခါးနာတာကို ကင်းဝေးစေမယ့် နည်း
လမ်းလည်း ဖြစ်ပါတယ်။




ဦးနှောက်ကို အမြဲနုပျိုနေစေရန်...




(၁) လှုပ်ရှားပါ
လေ့ကျင့်ခန်း လုပ်ခြင်း၊ ကိုယ် လက်လှုပ်ရှားခြင်း ကြောင့် ဦးနှောက်ဆံခြည်မျှင်သွေးကြောဖွဲ့ စည်းမှု ကောင်းမွန်ပြီးသွေး အထောက်အပံ့၊ အာဟာရနှင့် အောက်ဆီဂျင်ပေါများစွာ ရရှိနိုင်သောကြောင့် ဦးနှောက် နဗ်ဆဲလ်များနုပျိုစေသည်။

(၂) အစာကျွေးပါ

ဟင်းသီးဟင်းရွက် များနှင့်သီးနှံများတွင် ဓါတ်တိုးဆန့်ကျင် ပစ္စည်း (antioxidant) များပါဝင်သောကြောင့် ဖရီး ရယ်ဒီကယ် (free radical) ဟုခေါ်သည့် အိုမင်းရင့်ရော် စေသော ဓါတ်များကိုချေဖျက်ပေးနိုင်သည်။


(၃) အရှိန်တင်ပါ

ဦးနှောက် လုပ်ငန်းများသည် အသက်သုံးဆယ်ဝန်း ကျင်မှစ၍ဖြည်းဖြည်းချင်း ဆုတ်ယုတ်လာသည်။ သို့သော် ဦးနှောက်ကိုအမြဲတစေ အလုပ်ခိုင်းစေနေသူများ၌ ဦး နှောက်အို မင်းမှုကို ဆိုင်းငံ့ထားနိုင်သည်။ စကားလုံး ဆက်ကစားခြင်း၊ ပဟေဠိဖြေခြင်း၊ ဘာသာစကားအသစ် တစ်ခုသင်ယူခြင်း၊ တူရိယာ ပစ္စည်းတီးမှုတ် ရန်သင်ယူခြင်း တို့ဖြင့်ဦးနှောက်ကို အမြဲတစေ သစ်လွင်နေစေရန် ထိန်း သိမ်းနိုင်သည်။

(၄) စိတ်ဖိစီးမှုလျှော့ပါ

စိတ်ဖိစီးမှုသည် ဦးနှောက်တည် ငြိမ်မှုနှင့် မှတ်ဥာဏ်  မှတ်သားနို င်စွမ်းကို အနှောင့်အယှက်ဖြစ်စေသည်နာတာ ရှည် စိတ်ဖိစီးမှု ခံရသောအခါ ဦးနှောက်၏့  Ippocampus  ဟုခေါ် သော အစိတ်အပိုင်းသည် မှတ်ဥာဏ် မှတ်သားနိုင်စွမ်းလျော့နည်း လာသည်။

(၅) ရယ်ပါ

ဟာသဓါတ်ခံ ရှိခြင်းကြောင့် ဦးနှောက်မှဒိုပါမင်း (dopamine) ဟော်မုန်းများ ထွက်ရှိလာပြီး စိတ် ကြည် လင်ချမ်းမြေ့မှုကိုပေးစွမ်းနိုင်သည်။ ဒိုပါမင်းဟော်မုန်းသည် ဦးနှောက် ဆဲလ်များအတွက် အားဆေး တစ်ခုလည်းဖြစ် သည်။


Credit: Health Updates Journal                
Facebook မှမျှဝေဖေါ်ပြသည်..

အိပ်စက်ချိန် မခြွေတာ သင့်သည့် အကြောင်းရင်း (၁၀)ခု




ကျန်းမာ ပျော်ရွှင်သော ဘ၀တစ်ခုကို တည်ဆောက်လို သူများအနေနှင့် အိပ်ချိန် ပြည့်ပြည်၀၀ လိုအပ်ကြောင်း ပညာရှင်များက ဆိုသည်။
အိပ်ရေးမ၀သည့် အခြေ အနေများသည် ကျန်းမာရေး အတွက် ဆိုးရွားသော အခြေအနေများ သက်ရောက် လာနိုင်ကြောင်း၊ မကြာခဏ အိပ်ရေး ပျက်ခြင်းကြောင့် အာရုံကြော ထိခိုက်မှု များအပြင် အခြားသော ကျန်းမာရေး ဆိုင်ရာ ပြဿနာ များပါ တွေ့ကြုံရတတ်ပြီး လူ့သက်တမ်း ကိုပါ ထိခိုက် လာစေနိုင် သည်ဟု သိရှိရသည်။ အမေရိကန်တွင် လူဦးရေ သန်း(၅၀) မှ သန်း(၇၀) ကြားအထိသည် အိပ်ရေး မ၀မှုကြောင့်

ကျန်းမာရေးနှင့် လူမှုရေး ဆိုင်ရာ အဆင်မပြေမှုများ ကြုံတွေ့ နေရသည်ဟု ဆရာဝန် များက ဆိုသည်။
သုတေသန ပြုလုပ်မှု များအရ အိပ်ရေးမ၀ ခြင်းကြောင့် အဆိုးဘက်မှ ကြုံတွေ့ရသည့် အထင်ရှားဆုံး အခြေအနေ (၁၀) ခုမှာ အောက်ပါ အတိုင်းဖြစ်သည်။

၁။ စစ်တမ်းများ အရ တစ်ညတွင် (၇)နာရီ အောက်သာ အိပ်သော သူများသည် ပို၍ ဝလာ နိုင်ကြောင်း သိရသည်။ အဘယ်ကြောင့် ဆိုသော် ၎င်းက ဆာလောင် စေသော ဟော်မုန်း များကို ပိုထွက်စေ သောကြောင့် ဖြစ်သည်။
၂။အိပ်နေစဉ်တွင် အသက်ရှူ ပုံမမှန် ကြသူများမှာ အဆီများသော အစားများကို ကြိုက်နှစ်သက် သူများဖြစ်ကြပြီး ယင်းတို့မှာ အများအားဖြင့် အမျိုးသမီး များ ဖြစ်ကြသည်။
၃။ အိပ်ချိန် နည်းပါးမှုသည် ဆီးချို ဖြစ်နှုန်းနှင့် တိုက်ရိုက် အချိုးကျကြောင်း သိရသည်။
၎။တစ်ညတွင် (၅)နာရီ အောက်သာ အိပ်သော အမျိုးသမီးများ၏ (၄၅) ရာခိုင်နှုန်းမှာ နှလုံး ရောဂါ ပိုမို ဖြစ်ပွား တတ်ကြောင်း သိရသည်။
၅။အဝလွန်သူများ၊ အိပ်နေစဉ် အသက်ရှူ ပိတ်တတ် သူများမှာ သွေးတိုး ရောဂါ ဖြစ်ပွါးနှုန်း သာမန်ထက် မြင့်မားကြောင်း သိရသည်။
၆။ ယဉ်မတော်တဆ မှုများ၏ (၂၀)ရာခိုင်နှုန်း မှာ အိပ်ငိုက်သော ယဉ်မောင်း သူများကြောင့် ဖြစ်ပါသည်။
၇။အိပ်ရေး မဝသော သက်ကြီးရွယ်အို များတွင် ရုတ်တရတ် လဲကျမှုနှုန်း (၂)ဆမှ (၄.၅)ဆ အထိ မြင့်တက်ကြောင်း သိရသည်။
၈။ အိပ်ရေး မဝသော လူငယ်များတွင် စိတ်ကျရောဂါ ဖြစ်ပွါးမှုနှုန်း ပိုမိုကြောင်းသိရသည်။
၉။အိပ်ရေး မဝသော ကလေးများတွင် ADHDဟု ခေါ်သည့် အာရုံ စူးစိုက်မှု မရှိ၊ ဂဏှာ မငြိမ် ရောဂါ ပို၍ ဖြစ်ပွားပါသည်။
၁၀။တစ်ညတွင် (၅)နာရီ အောက်သာ အိပ်သော သူများမှာ မည်သည့် အကြောင်းပြ ချက်မျှ မရှိဘဲနှင့် ယျေဘူယျ အားဖြင့် အသက်တို တတ်ကြောင်း သိရှိရသည်။
အထက်ပါ အကြောင်းပြချက် များကြောင့် လူအများအနေနှင့် အိပ်ရေးပျက်ခံ အလုပ်လုပ်ခြင်းမျိုး ကဲ့သို့ အပြုအမူများကို ရှောင်ကြဉ် သင့်ပြီး ကျန်းမာရေးနှင့် သင့်လျော်မည့် နှစ်နှစ် ခြိုက်ခြိုက် အိပ်စက်ခြင်းမျိုး ပြုလုပ် သင့်ပါကြောင်း ဆရာဝန်များက အတိအလင်း နှိုးဆော် ထားကြောင်း သိရသည်။

မျက်စိ ကျန်းမာရေးအတွက် ပြုလုပ်သင့်သည့်အချက်(၅)ချက်




၁။ကန်စွန်းဥစားပါ

ကန်စွန်းဥမှာ ညဘက် အမြင် အာရုံ အားကောင်းစေတဲ့ ဗီတာမင်အေ များစွာ ပါဝင်ပြီး မုန်လာဥ (Beetroot)မှ ပါဝင်တဲ့ Anthocyanin တွေဟာ မျက်စိမှ သွေးကြော ငယ်တွေ သွေးယို စိမ့်မှု မဖြစ်အောင် ကာကွယ် နိုင်တဲ့ အတွက် Retinopathy (မျက်စိ မမြင်ရတဲ့ အကြောင်းရင်း တစ်ခု) မဖြစ်အောင်လည်း ကာကွယ် ပေးနိုင်ပါတယ်။

၂။ ကွန်ပျူတာ ကြည့်တာ လျှော့ပါ။

အခန်း အပူချိန် လျှော့ထားပါ အသင့်မျက်လုံးနဲ့ လေထုကို ခြောက်သွေ့ စေနိုင်လို့ပါ။ ပတ်ဝန်းကျင် စွတ်စိုမှုရှိအောင် သစ်ပင် အနည်းငယ် စိုက်ထားပေးပါ။

၃။ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ

လေ့ကျင့်ခန်း လုပ်တာကြောင့် မျက်စိအတွင်း ဖိအားတွေ လျှော့ချနိုင်ပြီး အတွင်းတိမ် မဖြစ်အောင် ကာကွယ် ပေးနိုင် ပါတယ်။ လေ့လာမှု တစ်ခုအရ တစ်ကြိမ်ကို မိနစ် ၄၀ ခန့်၊ တစ်ပတ်ကို လေးကြိမ် လမ်း လျှောက် တဲ့ လေ့ကျင့်ခန်း လုပ်သူတွေဟာ ရေတိမ် ဖြစ်နိုင်ခြေကို အများကြီး လျှော့ချနိုင်တယ်လို့သိရပါတယ်။

၎။ နံနက်စာ အတွက် ဘလူးဘယ်ရီစားပါ

ဓာတ်တိုး ဆန့်ကျင်ပစ္စည်း ပါဝင်မှုများတဲ့ ဘလူးဘယ်ရီသီးကို နံနက်စာအဖြစ် စားသုံးပေးပါက အသက် ၅၀ ကျော်ရင် ဖြစ်တတ်တဲ့ အသက်အရွယ်နဲ့ ဆက်စပ်တဲ့ မျက်စိအမြင်အာရုံ ဆုံးရှုံးမှု (AMD) မဖြစ် အောင် ကာကွယ်နိုင်ပေးပါတယ်။ ကျန်းမာရေးကို မြှင့်တင်နိုင်ဖို့ ဒိန်ချဉ်နဲ့ အတူ တွဲစားပါ။

၅။ မွှေးရနံ့ ရှူပါ

စံပယ်ပန်းရနံ့ပါဝင်တဲ့ ရနံ့ဆီကို ပခုံးမှာ ဆွတ်ထားပြီး ရှူပေးပါ။ ဦးနှောက်အတွင်း ဘီတာလှိုင်း တွေ ပိုများလာပြီး ပိုမိုတက်ကြွမှု ရှိလာနိုင်တဲ့အတွက် အာရုံ စူးစိုက်မှုလည်း ပိုကောင်း လာပါတယ်။

ညမအိပ်စက်မီ Phone နှင့် Tablet သုံးသူများ သတိထား



ညဘက်များတွင် လက်ကိုင်ဖုန်းနှင့် တက်ဘလက် ကွန်ပျူတာ သုံးသူများ အိပ်စက်ခြင်းနှင့် ပတ်သက်၍ အနှောင့်အယှက် ဖြစ်လာနိုင်ပါသည် ။

သင်သည် ညမအိပ်မီ လက်ကိုင်ဖုန်းနှင့် တက်ဘလက်များ သုံးလျှင် မျက်စိမှ ၁၂ လက်မခန့်  အကွာ အဝေးတွင် ထားရှိပြီး အသုံးပြု သင့်ကြောင်းကို သုတေသီ များကလည်း အကြံပြု ထားပါသည် ။



ညဖက်တွင် အသုံးပြု နေသော အိုင်တီပစ္စည်းများ၏ မျက်နှာပြင်မှ အလင်းတန်းများကြောင့် ဖြစ်ပါတယ်။ မျက်စိ အမြင်အာရုံကို အယ်လ်အီးဒီမီးရောင် ရိုတ်ခတ်သဖြင့် လူကို အိပ်ပျော်စေသည့် မေလာနင် ဟိုမုန်းဓာတ်ကို ပျက်ပြယ် သွားစေပြီး အိပ်ချင်စိတ် ပျောက်သွား တက်ပါသည် ။

လူတစ်ယောက်သည့် အိပ်ချင်စိတ် ပျောက်သွားခဲ့လျှင် မျက်စိကြောင်ခြင်းနှင့် အတူ အိပ်စက်ခြင်း မရတော့ပါ ။ထိုကဲ့သို့ အိပ်စက်ခြင်း ပျောက်လာသည့် ညအချိန်များစွာ ဖြစ်လာခဲ့လျှင် လူ့ကျန်းမာရေးကို ဆိုးရွားစွာ ဖြစ်ပေါ် လာနိုင်ပါသည် ။

အိပ်ရေးပျက်လျှင် ရေရှည်တွင် အဝလွန်ရောဂါနှင့် ဆီးချို ၊ နှလုံး ၊ စိတ်ကျရောဂါများ အစ လူကြီးများတွင် လေဖြတ် ရောဂါအထိ ရရှိနိုင်ပါသည် ။

ဒါကြောင့် သင်သည် မဖြစ်မနေ အိုင်တီပစ္စည်များကို ညပိုင်း အိပ်စက်ခြင်း မပြုမိ အသုံးပြုလေ့ ရှိလျှင် မျက်စိမှ ၁၂ လက်မခန့်  အကွာ အဝေးတွင် ထားရှိပြီး အသုံးပြု သင့်ကြောင့် တင်ပြရင်း အသက်ရာကျော် ရှည်ပါစေ ။

လျှင်မြန်စွာအိပ်ပျော်စေမည့် နည်းလမ်း { ၅ }သွယ်



အိပ်စက်ချိန် လုံလောက်စွာ မရခြင်းဟာ  အာရုံစူးစိုက်မှု မရခြင်း၊  လုပ်ငန်းခွင် စွမ်းဆောင်ရည် ကျဆင်းခြင်းနဲ့  လိင်ဆက် ဆံမှု စတဲ့ ဘဝရဲ့ကျန်းမာရေး ဆိုင်ရာ ကိစ္စအဝဝကို ထိခိုက်စေပါတယ်။
အမျိုးသမီးတွေမှာ ဆိုရင်ရန်လိုခြင်း၊ စိတ်ဓာတ် ကျခြင်းနှင့် ဒေါသထွက် လွယ်ခြင်းတွေ နဲ့လည်း ဆက်စပ်နေပါတယ်။ ဒါ့အပြင် သွေးတိုးနဲ့ နှလုံးရောဂါ ဖြစ်ပေါ်မှု အန္တရာယ်တွေ ကိုလည်းမြင့်တက် စေပါတယ်။ အဲဒီလိုဖြစ်ပေါ်မှုကို ရှောင်ရှားနိုင်မယ့် နည်းလမ်းတွေကို တင်ပြ လိုက်ပါ တယ်။

၁။  စိတ်ညစ်ညူးဖွယ် ဆူညံသံများ မရှိပါစေနှင့်
ဟောက်တတ်တဲ့  အိမ်ထောင်ရှင် ယောက်ျားဘေးမှာ ရှိနေရင် သာယာနာပျော်ဖွယ်  တေးသံကို နားကြပ်နဲ့ နားထောင်ရင်း အိပ်စက် နိုင်ပါတယ်။ နူးညံ့တဲ့ အကာအကွယ်ပါပြီး  ပါးလွှာတဲ့ စပီကာတွေပါတဲ့ နားကြပ်ကို အသုံးပြုနိုင်ပါတယ်။

၂။သင့်ရဲ့ခန္ဓာကိုယ်ကို ပြင်ဆင်ပါ
ခြေချောင်းလေးတွေကို ကွေးကျုံ့ပြီး နံပါတ်စဉ်တစ်ကနေ  ခုနစ်အထိရေတွက်ပါ။ သင့်ရဲ့ခြေချောင်းတွေကနေ လည်ပင်း အထိ  ကြွက်သားအုပ်စု အသီးသီးကို အဲဒီလို ထပ်တလဲလဲ ပြုလုပ်ပါလို့ အမေရိကန် ပြည်ထောင်စု ဆီယက်တယ်မြို့က အိပ်စက်ခြင်း ဆေးပညာ ဆိုင်ရာ သိပ္ပံညွှန်ကြားရေးမှူး ကက်သရင်းဒါလေက အကြံပေးခဲ့ပါတယ်။

၃။မအိပ်မီ မှတ်စုများရေးသားပါ
သင့်ရဲ့နေ့စဉ်လုပ်ငန်း ဆောင်တာတွေဟာ သင်ဘယ်လောက် ကောင်းကောင်း အိပ်စက်နိုင်မလဲ ဆိုတာကို သက် ရောက်မှု ရှိပါတယ်။ အိပ်စက်ခြင်းနဲ့ ပတ်သက်တဲ့ မှတ်စုတွေကို ပြုစုထားသင့်တယ်လို့ ''အိပ်မပျော်ခြင်း ဆိုင်ရာ လုပ်ငန်းစာအုပ်'' ကိုရေးသားသူ စတက်ဖနီ ဆေးလ်ဗားမင်းက ဆိုခဲ့ပါတယ်။

၎။အိပ်ခန်းပတ်ဝန်းကျင်ကို အေးချမ်းအောင် ထားပါ
အခန်းဟာ  အပူချိန်အေးတဲ့ ဘက်ကိုရောက်နေရင်  ပိုမို အိပ်ချင်စိတ်ဖြစ် လာပြီး ကောင်းမွန်စွာလည်း အိပ်ပျော်နိုင် ပါတယ်။  ဒါကြောင့် အခန်းအပူချိန်ကို ၆၅ ဒီဂရီ သို့မဟုတ် သူ့ထက်နိမ့်အောင် ထားသင့်ပါတယ်။ အေးမြတဲ့ အိပ်ရာခင်း ထားရှိပြီး အသက်ရှူလို့ကောင်းတဲ့  ညဝတ်အင်္ကျီတွေ ဝတ်ဆင်သင့်ပါတယ်။

၅။ မှန်ကန်စွာ အပန်းဖြေပါ
နေ့ဘက်မှာ လှုပ်ရှားဆောင်ရွက် ခဲ့သမျှတွေကို ပြန်လည် တွေးနေမယ့်အစား အိပ်ရာဝင်တဲ့အခါ ဂျာနယ်တစ်စောင်ကို  အနည်းဆုံး နှစ်နာရီလောက် ဖတ်ပြီး သက်သက်သာသာ အပန်းဖြေသင့်ပါတယ်။ မအိပ်ခင်မှာ သက်သောင့် သက်သာရှိတဲ့ လေ့ကျင့်ခန်း တစ်ခုကို စိတ်ကူး ထဲမှာ လုပ်သင့်ပါတယ်။  ဒီလိုလုပ်ဆောင်ခြင်း အားဖြင့် သင့်ရဲ့ ဦးနှောက်ကို သက် သာ စေနိုင်ပါတယ်။      ။    

ဦးနှောက်၏ ထူးဆန်းသော အချက်များ




-ဦးနှောက်သည်နာကျင်မှုကို မခံစား ရပေ။ အခြားနေရာမျိုးစုံ နာကျင်မှု များအား ဦးနှောက်ထံသတင်းပေးပို့ ခြင်းဖြင့် အဆုံးသတ်သော်လည်း ဦးနှောက်ကိုယ်တိုင်နာကျင်မှုကို ခံစား သိရှိရခြင်းမရှိပေ။

- ဦးနှောက်သည် ခန္ဓာကိုယ်အလေး ချိန်၏နှစ်ရာခိုင်နှုန်းသာရှိသော်လည်း ခန္ဓာကိုယ်အောက်စီဂျင်နှင့် ကယ်လို ရီသုံးစွဲမှုစုစုပေါင်း၏ နှစ်ဆယ်ရာ နှုန်းကို ရယူလျက်ရှိသည်။

-ဦးနှောက်သည် ပြင်ပလေနှင့်ထိ တွေ့မှသာ အစိုင်အခဲသဏ္ဌာန်မြင်ရ လေ့ရှိပြီး ဦးခေါင်းခွံအတွင်းလုံလုံခြုံ ခြုံရှိနေသည့်ဦးနှောက်မှာ အရည် များဖြင့် (၈၀) ရာခိုင်နှုန်းဖွဲ့စည်းထား သောနူးညံ့သည့်အစိုင်အခဲတစ်ခုဖြစ်သည်။

-ခန္ဓာကိုယ်သည် နေ့ဘက်တွင် အလုပ်လုပ်၍ ညဘက်အနားယူ သော်လည်း ဦးနှောက်သည် အိပ် စက်အနားယူချိန်ရောက်မှ အလုပ်ပို လုပ်လေ့ရှိသည်။

- ဦးနှောက်နဗ်ကြောများသည် လျှပ် စီးကြောင်းများဖြင့် သတင်းပေးပို့ တတ်ကြပြီး ခန္ဓာကိုယ်ပြင်ပတွင် ဦးနှောက်ကို ရှင်သန်စေရန် အထောက် အပံ့ပေးရမည်ဆိုပါက လျှပ်စစ်စွမ်းအား(၁၀)ဝပ်ခန့်လိုမည်ဖြစ်သည်။

- ဆယ်ကျော်သက်အရွယ်၌ ခန္ဓာ ကိုယ်ဖွံ့ဖြိုးမှု တစ်ရှိန်ထိုးမြန်ဆန် သကဲ့သို့ ဦးနှောက်ဖွံ့ဖြိုးမှုလည်း ရုတ်ချည်း ပြောင်းလဲတတ်သည်ဖြစ် ရာ ဆယ်ကျော်သက်များအား စွန့် စားလိုစိတ်၊ တဇွတ်ထိုးစိတ်များဖြစ် ပေါ်ခံစားရစေသည်။

-မြင်သမျှ၊ ကြားသမျှ၊ ခံစားရသမျှ တို့ကို တစ်ခုမကျန် ဦးနှောက်ကသိုမှီးထားနိုင်သော်လည်း မှတ်ဥာဏ် တွင်းမှ ပြန်လည်ထုတ်ယူနိုင်စွမ်း (recall) ကိုမူတည်၍ သတိကောင်း ခြင်း၊သတိမေ့ခြင်းတို့ဖြစ်ပေါ်လာ ရသည်။

-ဦးနှောက်၏အစိတ်အပိုင်းတစ်ခု နှင့်တစ်ခု မြန်နှုန်းမတူပါ။ သတင်းအချက်အလက်သယ်ယူသည့်နေရာချင်းလည်းမတူပါ။ ထို့ကြောင့် အချို့ ကိစ္စများကို သတိရလွယ်ပြီး အချို့ ကို သတိရစေရန် အချိန်အတော်ယူရ လေ့ရှိသည်။

Friday, December 20, 2013

မိန်းကလေးများ စိတ်ဝင်စားနိုင်ဖွယ် ရှိသော ယောင်္ကျားများ





၁။ ကိုယ်ပိုင် အရည်ချုင်းရှိပြီး ကိုယ့်ချစ်သူအပေါ် သစ္စာရှိတတ်သော ယောင်္ကျား။

၂။ အရက်သောက် ကွမ်းစား ဆေးလိပ်သောက်တတ်ပေမဲ့  ဘယ်သူ့ ကိုမှ ရန်မရှာပဲ
ကိုယ့်ကိုယ့် အေးဆေးနေတတ်တဲ့ ယောင်္ကျား။

၃။ အရက်မသောက် ကွမ်းမစား ဆေးလိပ်မသောက်ပဲ ရိုးရိုးလေး နေတတ်တဲ့ ယောင်္ကျား။

၎။ စကားပြောပြီး အလုပ်ကို လက်တွေ့ လုပ်တတ်သောယောင်္ကျား။

၅။ ကိုယ့်ချစ်သူက တစ်ခြားယောင်္ကျားလေးတစ်ယောက်နဲ့ အတူသွားနေတာကိုတွေ့ ပေမဲ
့ အထင်မလွဲ့ ပဲ့ နားလည်မှုရှိတဲ့ ယောင်္ကျား။

၆။ ဆင်းရဲ့ ပေမဲ့ ရိုးသားကြိုးစားပြီး ဘယ်သူ့ ကိုမှအပြစ်မမြင်တတ်သော ယောင်္ကျား။

၇။ စိတ်သဘောထားကောင်းပြီး သူများကို ကူညီတတ်သော ယောင်္ကျား။

၈။ မကောင်းတဲ့ မိန်းကလေးတွေကိုရော ကောင်းတဲ့ မိန်းကလေးတွေကိုရော
အထင်မသေးပဲ့ ကြည့်ဖြူစွာနဲ့ ဆက်ဆံပြောဆိုတတ်တဲ့ ယောင်္ကျား။

၉။ ရုပ်ဆိုးရုပ်လှတာကို မရွေးပဲ့ အချစ်စစ်နဲ့ တစ်ယောက်တည်းသောချစ်သူကို
ချစ်တတ်သော ယောင်္ကျား။

၁၀။ ပညာမတတ် ရုပ်မဖြောင့်ပေမဲ့ အသိညဏ်ရှိပြီး ရည်းမှန်းချက်ကို
အောင်မြင်အောင် လုပ်နိုင်တဲ့ ယောင်္ကျား။

၁၁။ မိဘ စကားနားထောင်ပြီး ကိုယ့်ချစ်သူ ပြောတဲ့ စကားတွေကိုလည်း
နားထောင်တတ်တဲ့ ယောင်္ကျား။

၁၂။ မိန်းကလေးတွေကို စိတ် နဲ့ မပြစ်မှားတတ်တဲ့ ယောင်္ကျား။

၁၃။ အမှန်တရားကို ရင်ဆိုင်ရဲ့ ပြီး အမြင်မတော်တာကို ကူညီတတ်တဲ့ ယောင်္ကျား။

၁၄။ ရည်းစားတွေ အများကြီးထားခဲပေမဲ့  မိန်းကလေးတွေ ဘ၀ကို နစ်နာအောင်
မဖျက်စီးတတ်သေားယောင်္ကျား။

၁၅။ အပျော် အပါး မလိုက်စားတတ်သော ယေင်္ကျား။

၁၆။ အချစ်တစ်ခုတည်းနဲ့ အိမ်ထောင်ရေးကို လွယ်လွယ် နဲ့ တည်ဆောက်လို
့မရဘူးဆိုတာ သိတတ်တဲ့ ယောင်္ကျား။

၁၇။ ချစ်သူ နဲ့ ဘာပဲစားစား ဘာပဲဝယ်ဝယ် ကိုယ့်ဆီက ပိုက်ဆံကို ထုတ်ပြီး
ကျသလောက်ကို ရှင်းတတ်တဲ့ ယောင်္ကျား။

၁၈။ သူတစ်ပါးဆီက ပေးတဲ့ အခွင့်ရေးကို မယူတတ်ပဲ့ ကိုယ့်ကိုယ့်ကို ရုန်ကန်
နိုင်တဲ့ ယောင်္ကျား။

၁၉။ မိဘတွေ ပိုက်ဆံချမ်းသာပေမဲ့ အလွယ်တကူ မယူတတ်ပဲ ကိုယ့်ကိုယ့်ကို
ပိုက်ဆံရှာနိုင်တတ်တဲ့ ယောင်္ကျား။

၂၀။ ကိုယ့်ကိုယ့်ကို စည်းကမ်းရှိပြီး သန့် သန့် ရပ်ရပ် နေတတ်တဲ့ ယောင်္ကျား။

၂၁။ စိတ်သဘောထားကောင်းပြီး ဘယ်သူ့ ကို မဆို အပြုံးမပျက် ဆက်ဆံတတ်တဲ့ ယောင်္ကျား။

၂၂။ အရှုံးနဲ့ ရင်ဆိုင်ရတဲ့ အခါ စိတ်ဓါတ်မကျပဲအောင်မြင်မှု့ ကို
ရအောင်ယူတတ်တဲ့ ယောင်္ကျား။

၂၃။ အမှန်ကိုပြောတတ်ပြီး အမှန်တိုင်းလုပ်တတ်တဲ့ ယောင်္ကျား။

၂၄။ မိန်းမ ယူပြီးသောတဲ့ အခါ မိန်းမ လုပ်ရမဲ့ အလုပ်တွေကိုလည်း အားတဲ့ အခါ
ကူပြီး လုပ်ပေးတတ်တဲ့ ယောင်္ကျား။

၂၅။ မိန်းကလေးတွေ အပေါ် ရိုင်းစိုင်းယုတ်မာတဲ့ စကားတွေကို မပြောတတ်တဲ့ ယောင်္ကျား။

၂၆။ ကိုယ်ချစ်တဲ့ မိန်းကလေးအပေါ် အနစ်နာခံပြီး အသက်ကိုပေးဆပ်ရဲ့ တဲ့ ယောင်္ကျား။

၂၇။ လွယ်လွယ်နဲ့ အပြစ်မတင်ပဲစဉ်းစားဆုံးဖြတ်ပြီးမှ ပြောတတ်တဲ့ ယောင်္ကျား။

၂၈။ ချစ်သူနဲ့ ချိန်းတွေ့ တဲ့အခါ ချစ်သူရဲ့ လက်နဲ့ ပခုံးက လွဲ ပြီး
ကျန်တာတွေကို မကိုင်တတ်တဲ့ ယောင်္ကျား။

၂၉။ မိန်းကလေးတွေ အထင်မသေးအောင် နေတတ်တဲ့ ယောင်္ကျား။

၃၀။ ဘယ်မိန်းကလေးတွေမဆို အစ်ကိုကိုချစ်တယ်လို့ ပြောလာတဲ့ အခါ
အခွင့်ရေးမယူပဲငါ့ မှာ ချစ်သူရှိတယ်လို့ ပြောတတ်တဲ့ ယောင်္ကျား။

သူငယ်ချင်းကောင်းဆိုတာ....



A - Accepts you as you are.

သင့်ကိုအရှိအတိုင်းလက်ခံသူ

B - Believes in ''you'' .

သင့်ကိုယုံကြည်သူ

C - Calls you just to say ''HI'' .

"နေကောင်းရဲ့လား"ဟုမကြာခဏ နှုတ်ခွန်းဆက်သသူ

D - Doesn't give up on you.

သုံးလို့မရပါဘူးဟု စွန့်ပယ်မပစ်တတ်သူ

E - Envisions the whole of you (even the unfinished parts)

သင့်လုပ်ဆောင်ချက်အားလုံး (မပြီးသေးသော အစိတ်အပိုင်းများအပါအ၀င်)ကို
မှန်းမျှော်ပီတိဖြစ်နေသူ

F - Forgives your mistakes.

သင့်အမှားများကို ခွင့်လွှတ်တတ်သူ

G - Gives unconditionally.

ခြွင်းချက်မရှိသော မေတ္တာစေတနာကို ပေးတတ်သူ

H - Helps you.

ကူညီဖေးမသူ

I - Invites you over.

နွေးထွေးစွာ ကြိုဆိုဖိတ်ခေါ်တတ်သူ

J - Just ''be'' with you.

သင်နှင့်အတူရှိနေတာကို ကျေနပ်သူ

K - Keeps you close at heart.

လှိုက်လှဲပွင့်လင်းစွာ ခင်မင်သူ

L - Loves you for who you are.

ဆင်းရဲ ချမ်းသာမပါသော ချစ်ခြင်းဖြင့်ချစ်ခင်သူ

M - Makes a difference in your life.

သင့်ဘ၀မှာ သူရှိနေသည့်အတွက် အပြောင်းအလဲဖြစ်စေသူ

N - Never judges.

အပြစ်တင်ဝေဖန်ခြင်းမပြုသူ

O - Offer support.

သင့်ဘက်မှ ရပ်တည်ထောက်ခံပေးမည့်သူ

P - Picks you up.

ဝမ်းနည်းအားငယ်ခြင်းကို ဖြေသိမ့်ပေးမည့်သူ

Q - Quiets you fears.

ကြောက်ရွံ့စိတ်ကို ပြေပျောက်စေသူ

R - Raises your spirits.

စိက်ဓာတ်မြှင့်ပေးသူ

S - Says nice things about you.

သင့်ရဲ့ကောင်းကွက်လေးများကိုသာ ရွေးချယ်ပြောသည့်သူ

T - Tells you truth when you need to hear it.

သင့်ကိုယ်ချင်းစာစိတ်ဖြင့်နားထောင်ပါက အမှန်ကိုပြောမည့်သူ

U - Understand you.

သင့်ကိုနားလည်သူ

V - Values you.

သင့်ကိုတန်ဖိုးထားသူ

W - Walks beside you.

သင့်နားမှာ လျှောက်လှမ်းပေးမည့်သူ

X - Xplains thing you don't understand.

သင်နားလည်လာသည်အထိ ရှင်းပြပေးမည့်သူ

Y - Yells when you won't listen.

သူ့စကားကိုနားမထောင်ပါက အော်တတ်သူ

Z - Zaps you back to reality.

သင့်အားအမှန်တရားဘက်သို့ပို့ဆောင်ပေးမည့်သူ

Computer အကြည့်များတဲ့သူတွေအတွက်


မျက်စိညောင်းညာခြင်းကို လျော့ပါးစေတဲ့ မျက်စိလေ့ကျင့်ခန်း
=================================
ခပ်သွက်သွက်ပြေးတာပဲဖြစ်ဖြစ်၊ ရေကူးတာပဲဖြစ်ဖြစ် လေ့ကျင့်ခန်းတစ်ခုခုကို နေ့စဉ်ပြုလုပ်ပြီး ခန္ဓာကိုယ်ကို ကြံ့ခိုင်အောင် ထိန်းသိမ်းစောင့်ရှောက်ဖို့က
အရေးပါတဲ့ ကိစ္စတစ်ရပ်ဖြစ်တယ်ဆိုတာကို လူတိုင်းနီးပါး
သိထားတဲ့ကိစ္စတစ်ခုပါ။ ဒါပေမယ့် သင့်မျက်လုံးကိုလည်း လေ့ကျင့်ခန်းလုပ်ပေးလို့ ရတယ်ဆိုတာကိုသိထားပါသလား။ မျက်လုံး လေ့ကျင့်ခန်းလုပ်ပေးခြင်းဖြင့် မျက်လုံးကျန်းမာရေးကို ကောင်းမွန်စေသလို
မျက်စိညောင်းညာခြင်းကိုလည်း လျော့ပါးစေပါတယ်။ ဒါကြောင့် မျက်လုံးလေ့ကျင့်ခန်းလေးတွေကို လုပ်ပြီး
မျက်စိကို ကောင်းမွန်အောင် ထားနိုင်ကြဖို့ အောက်မှာ လွယ်ကူရိုးရှင်းတဲ့ မျက်လုံးလေ့ကျင့်ခန်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ကုလားထိုင်မှာ သက်တောင့်သက်သာအနေအထားနဲ့ ထိုင်ပါ။ လက်ဖဝါးနှစ်ဖက်ကို ပူနွေးလာတဲ့အထိ ပွတ်ပါ။ ပူနွေးလာရင် မျက်လုံးနှစ်လုံးကို ညင်သာစွာမှိတ်ပြီး လက်ဖဝါးနဲ့ အုပ်ထားပါ။
မျက်စိကိုဖိပြီးအုပ်မထားပါနဲ့။ လက်ဖဝါးအခွက်ထဲနဲ့ မျက်စိကိုအုပ်၊ အလင်းရောင်မဝင်အောင် လက်ချောင်းလေးတွေကို မဟအောင်ထားပါ။ နှာတံနဲ့ လက်ဖဝါးကိုလည်း ထိနေအောင်ထားပါ။
မှောင်မည်းတဲ့ ပတ်ဝန်းကျင်လိုသဘောထားပြီး အမှောင်ထဲကို အာရုံစူးစိုက်လိုက်ပါ။အသက်ပြင်းပြင်းရှုသွင်းလိုက်ပါ။ ပျော်ရွှင်ဖွယ်အမှတ်တရလေးတွေကို စဉ်းစားနေပါ။ မှောင်မည်းတဲ့ဝန်းကျင်ကိုသာ မြင်ရပြီဆိုရင် လက်ဖဝါးကို အသာလေးဖယ်လိုက်ပါ။
ဒီလိုမျိုးလေ့ကျင့်ခန်းကို ၃ မိနစ်လောက် လုပ်ပေးပါ။

၂။ မျက်စိကို တင်းတင်းလေးမှိတ်လိုက်ပါ။ ၅ စက္ကန့်လောက်ကြာရင် ပြန်ဖွင့်ပါ။ ၅ စက္ကန့်လောက် ကြာရင်
တင်းတင်းလေးပြန်မှိတ်ပါ။ ဒီလိုမျိုးလေး ၇ ကြိမ်၊ ၈ ကြိမ်လောက် လုပ်ပေးပါ။

၃။ မျက်လုံးလေးမှိတ်ပြီး လက်ချောင်းလေးတွေနဲ့ စက်ဝိုင်းပုံသဏ္ဍာန်လှုပ်ရှားမှုနဲ့ နှိပ်ပေးပါ။ တအားဖိပြီး
မနှိပ်ပါနဲ့။ အားဖျော့ဖျော့လေးနဲ့နှိပ်ပါ။

၎။ လက်ချောင်းသုံးချောင်းနဲ့ အပေါ်မျက်ခွံကို ဖိပေးပါ။ ၂ စက္ကန့်လောက် ဖိပြီး လျော့ချလိုက်ပါ။ ၅ ကြိမ်ခန့် လုပ်ပေးပါ။

၅။ သက်တောင့်သက်သာအနေအထားနဲ့ထိုင်ပါ။ မျက်လုံးကို နာရီလက်တံအတိုင်း လှည့်ပါ။
မျက်တောင်ခတ်ပါ။ နောက် နာရီလက်တံပြောင်းပြန်လှည့်ပါ။ ငါးကြိမ်လောက်လုပ်ပေးပါ။

၆။ မှန်ပြတင်းပေါက်နဲ့ ၆ လက်မလောက်အကွာမှာထိုင်ပါ။ မျက်စိအနေအထားနဲ့ အနေအတော်လောက်မှာ ထင်သာမယ့်အရောင်တခုနဲ့ အမှတ်လေးချစ်လိုက်ပါ။ အဲဒီအမှတ်လေးနေတဆင့် အဝေးတစ်နေရာကို ၁၅ စက္ကန့်လောက် စူးစိုက်ကြည့်လိုက်ပါ။ ပြီးရင် အမှတ်ကလေးကိုပဲ ၁၅ စက္ကန့်လောက် ပြန်ကြည့်ပေးပါ။
ဒါမှမဟုတ် ခဲတံတစ်ချောင်းကို လက်တစ်ကမ်းအကွာမှာ ကိုင်ပြီး စူးစိုက်ကြည့်ပါ။ နှာခေါင်းနားရောက်အောင် တဖြည်းဖြည်း ဆွဲယူလာပါ။
ပြီးရင် လက်တကမ်းအကွာကို တဖြည်းဖြည်း ပြန်ရွှေ့လိုက်ပါ။ ၁ဝ ကြိမ်လုပ်ပေးပါ။


၇။ နံရံတစ်ခုနဲ့ မျက်နှာချင်းဆိုင်ထိုင်ပါ။ ပြီးရင် ခေါင်းကိုမလှုပ်ပဲ မျက်လုံးနဲ့ နံရံပေါ်မှာ စာရေးပါ။ ပထမတော့ခက်ခဲတဲ့လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။
လေ့ကျင့်ရင်းနဲ့ ပျော်စရာလေးတစ်ခု ဖြစ်လာတာကို တွေ့ရမှာပါ။
စာလုံးကြီးကြီးရေးလေ ထိရောက်မှု ပိုရှိလေပါပဲ။

၈။ ရှေ့မှာ နာရီကြီးကြီးတစ်လုံးရှိနေတယ်လို့ မှတ်ယူထားပါ။ နာရီရဲ့ အလည်ဗဟိုတည့်တည့်ကို ကြည့်နေပါ။
နာရီမှတ်ကိုကြည့်ပါ။ ဗဟိုကိုပြန်လာပါ။ နောက်နာရီမှတ် တစ်ခုကို ထပ်ကြည့်ပါ။ ဗဟိုကိုပြန်ကြည့်ပါ။
နာရီလက်တံ ၁၂ ခုပြည့်အောင်လုပ်ပြိးသွားရင် လုံလောက်ပါပြီး။ ဒီလေ့ကျင့်ခန်းကို မျက်လုံးမှိတ်ပြီးတော့လည်း လုပ်လို့ရပါတယ်။

၉။ ပေ ၁၅ဝ အကွာအဝေးလောက်မှာရှိတဲ့ အရာဝတ္ထုတစ်ခုခုကို စက္ကန့်အနည်းငယ်လောက် စူးစိုက်ကြည့်ပါ။
တဖြည်းဖြည်းနဲ့ ပေ ၃ဝ အောက်ရှိတဲ့ အရာဝတ္ထုဆီကို အကြည့်ပြောင်းလိုက်ပါ။
စက္ကန့်အနည်းငယ်လောက်ကြာရင် အဝေးမှာရှိတဲ့ အရာဝတ္ထုဆီကိုပြန်ကြည့်လိုက်ပါ။ ငါးကြိမ်လောက်
လုပ်ပေးပါ။

၁ဝ။ ဝေးနိုင်သမျှ ဝေးတဲ့ နေရာမှာရှိတဲ့ အရာဝတ္ထုတစ်ခုကို ကြည့်ပါ။ နာရီဝက်အကြာမှာ တခါလောက် အဝေးကိုကြည့်ပေးပါ။ ဒီလိုမျိုးကြည့်ပေးခြင်းဟာမျက်လုံး အမြင်စွမ်းအားကို ထိန်းထားပေးနိုင်သလို၊ အမြင်အာရုံယိုယွင်းလာခြင်းကိုလည်း ထိရောက်စွာ ကာကွယ်ပေးနိုင်ပါတယ်။

၁၁။ မျက်လုံးကို အပေါ်ကြည့် အောက်ကြည့် ကြည့်ပေးပါ။ ၈ ကြိမ်လောက်လုပ်ပြီး၊ ညာကြည့်၊ ဘယ်ကြည့်
ကြည့်ပေးပါ။ ၈ ကြိမ်လောက်လုပ်ပါ။ ကြည့်အခါမှာ မျက်လုံးကို ဖိပြီး မကြည့်ပါနဲ့။ ဖိပြီးကြည့်ရင် အမြင်အာရုံကို ပိုမိုဆိုးဝါးစေတာကြောင့် ဖွဖွလေးပဲမျက်လုံးကို ရွှေ့လျားပါ။
လေ့ကျင့်ခန်းတစ်ခုကို အချိန်ကြာကြာလုပ်တာထက်စာရင် မှန်မှန်လေးလုပ်ဖို့က ပိုအရေးကြီးပါတယ်။
ကွန်ပျူတာသုံးလို့ပဲဖြစ်ဖြစ် အလုပ်တစ်ခုကို အာရုံစိုက်ပြီးအချိန်အကြာကြီး အလုပ်လုပ်နေစဉ်မှာ မျက်လုံးကို ဟိုဟို၊ ဒီဒီရွှေ့လျားအလုပ်လုပ်စေပါ။ အလုပ်လုပ်နေစဉ် အတွင်းမှာလည်း အဝေးတနေရာကိုကြည့်ပြီး
မျက်လုံးညောင်းညာမှုကို ဖြေလျှော့ပါ။ လက်ဖဝါးနှစ်ဖက်ကိုပူအောင်ပွတ်ပြီး မျက်လုံးပေးမှာအုပ်ပေးထားတဲ့ နည်းကတော့ အကောင်းဆုံးပါပဲ။ ခဏခဏ မျက်တောင်ခတ်ပါ။ မျက်လုံး ညောင်းပြီးစပ်နေတဲ့အခါ အခြေအနေပေးရင် ရေအေးလေးနဲ့ မျက်လုံးကို ဆေးကြောပေးလိုက်ပါ။


Facebook ပေါ်တွင် မလုပ်ရ (၁၀) ချက်


ကမ္ဘာမှာ အင်တာနက်အသုံးပြုသူ ၂ ဘီလျံမက ရှိနေပြီး ဖေ့စ်ဘွတ် အသုံးပြုသူလည်း သန်း ၁ ထောင်ကျော်သွားပါပြီ။ ဒီတော့ ဖေ့စ်ဘွတ် အသုံးပြုလို့ ဝါရင့်နေသူများလည်း ရှိမယ်ထင်ပါတယ်။ ဘယ်လောက်ပဲ ဝါရင့်ရင့် အောက်ပါ မလုပ်ရ ၁၀ ချက် အခြေခံ အချက်အလက်လေးသိမှ မိမိ အကောင့် လုံခြုံမှာ ဖြစ်ပါတယ်။


၁။ Facebook ကို ဦးစားပေး အီးမေးလ်ပေးခြင်း (email priority)

Facebook အကောင့်ဖွင့်ဖို့အတွက် အခြား အီးမေးလ် ကိုသာ ပေးစေခြင်း ဖြစ်ပါတယ်။ မိမိ လုပ်ငန်းသုံး အရေးကြီးတဲ့ အီးမေးလ် ကို ဖေ့စ်ဘွတ်နဲ့ တွဲမနေစေဖို့ ဖြစ်ပါတယ်။ အကယ်၍ တွဲနေရင်လည်း Facebook မှာ မဖော်ပြမိစေဖို့ လိုအပ်ပါတယ်။ Facebook အကောင့်ကို လုံခြုံရေး လျော့နည်းစေသလို မိမိအီးမေးလ်ကိုလည်း လုံခြုံရေး လျော့နည်း စေပါတယ်။

၂။ profile နှစ်ခု ထားခြင်း

ပရိုဖိုင် နှစ်ခုနဲ့ အကောင့် နှစ်ခုထားတာမျိုး မလုပ်ရပါဘူး လို့ဆိုပါတယ်။ ဒါကို အနောက်နိုင်ငံက Facebook user များက တားမြစ်ပါတယ်။ သို့ပေမယ့် Privacy နဲ့ အခြား အွန်လိုင်း ပိတ်ဆို့မှုများ ရှိနေတဲ့အတွက် မြန်မာပြည်မှာ အပြည့်အဝ အသုံးမပြုနိုင်သေးတဲ့ Facebook ရဲ့ အခြား အစိတ်အပိုင်းများ ရှိနေပါတယ်။ ဒါကြောင့် တစ်ခါခါ ဖုန်းနံပါတ် ထည့်မရလို့ အကောင့် ပိတ်တာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် အရံအကောင့် တစ်ခုထားခြင်းကို ပြုလုပ်နိုင်ပါတယ်။ သို့ပေမယ့် ယင်းထားတဲ့ အကောင့်ကု နောက်လူ တစ်ယောက်ပုံစံအနေနဲ့ မသုံးပဲ ကာကွယ်ရေး အတွက် အမြဲ အသင့်ရှိစေတဲ့ အကောင့်လိုပဲ အသုံးပြုသင့်တာ ဖြစ်ပါတယ်။

ပရိုဖိုင်တစ်ခုမှာလည်း Status update တစ်မျိုးတင်တယ်။ နောက်တစ်ခု ကလ်ညး ဒါကိုပဲ တင်တယ် သို့မဟုတ် အခြား တစ်မျိုးတင်တယ် ဆိုရင်တောင် Personal အရ အခြားလူ မြင်ရင်တောင် မကောင်းပါဘူး။ သို့ပေမယ့် မတော်လို့ ကိုယ်သုံးနေတဲ့ အကောင့် လော့ကျ သွားရင် ဒုတိယအကောင့်နဲ့ အသုံးပြုနိုင်သလို လော့ဖွင့်ရန် ကြိုးပမ်းနိုင်ပါတယ်။ Facebook Page ၊ Group ကို တစ်ဦးတည်း လုပ်ထားသူ အနေနဲ့ အရံ အကောင့် တစ်ခုနဲ့ Admin Manager လုပ်ထားသင့် ပါသေးတယ်။ ဒီတော့ ပရိုဖိုင် နှစ်ခု မထားရလို့ တားမြစ်ပေမယ့် အကောင့် နှစ်ခုကတော့ အခြေအနေအရ ထားသင့်ပါတယ်။

၃။ မက်လုံးပေးသော Page များကို Like လုပ်ခြင်း၊

နိုင်ငံခြားမှာ တော်တော်ခေတ်စားပါတယ်။ ဒီ Page ကို Like ရင် iPhone အလကားပေးမယ်။ ပေါင်မုန့် အိမ်အရောက် ပို့မယ် ဆိုတာမျိုး ဖြစ်ပါတယ်။ ရည်ရွယ်ချက်က app နဲ့ တိုက်ခိုက်ပြီး အကောင့်ကို ခိုးဖို့ ဖြစ်ပါတယ်။

၎။ မက်လုံးပေးသော App များကို အသုံးပြုခြင်း

အချို့ ကျတော့ မိမိစီးပွားရေး အလွယ်တကူ လူသိများရန်အတွက် App ကို သုံးတတ်ပါတယ်။ ဒီမှာ User တစ်ယောက်က ယင်း app ကို click နှိပ်မိရင် အလိုအလျောက် သူ့သူငယ်ချင်းများထံ ဆက်လက် ပြန့်ပွားသွားတာမျိုး ဖြစ် ပါတယ်။ ဒါက အန္တရာယ်ရှိပါတယ်။ အဓိက ကတော့ Personal information များပေးလိုက်ရတဲ့အတွက် အကောင့်လုံခြုံရေး လျော့နည်းသွားပါတယ်။ အချို့ ကျတော့လည်း လူအံ့အောလောက်မယ့် ကောလဟာလကို app လုပ်ပို့ တတ်ပြီး Like နှိပ်သူ Wall မှာ ဆက်တိုက် တက်တာမျိုးလည်း ဖြစ်ပါတယ်။ ဗိုင်းရက်စ်အနေနဲ့တောင် တိုက်ခိုက်နိုင်ပါတုယ်။

၅။ ဖေ့စ်ဘွတ်ကို ယာယီသိုလှောင်စရာ အဖြစ် အသုံးပြုခြင်

အချို့ က ဖေ့စ်ဘွတ်ကို ယာယီသိုလှောင်စရာလို အသုံးပြုတတ်ပါတယ်။ ဒါက မလုံခြုံတဲ့အပြင် လိုသလိုလည်း ဖြစ်မလာတတ်ပါဘူး။ ဥပမာ- မိမိက သိမ်းလိုက်တဲ့ ပုံက အရွယ်ကြီးနေရင် တစ်ခါခါ Facebook က အလိုအလျောက် resolution လျော့ချ ပစ်တတ်ပါတယ်။ အမြဲတမ်းတော့ မဟုတ်ပဲ တစ်ခါခါကျ ကြုံရတတ်ပါတယ်။ ဒါကြောင့် Facebook ကို Permanent Storage အဖြစ် အသုံးမပြုသင့်ပါဘူး။

၆။ မွေးနေ့ ပြည့်ပြည့်စုံစုံ ဖော်ပြခြင်း

မိမိမွေးနေ့ကို ပြည့်ပြည့်စုံစုံ ဖော်ပြတာဟာ အန္တရာယ်ကြီးပါတယ်။ ယင်းမွေးနေ့ ကလည်း ဖေ့စ်ဘွတ်မှာ လျှို့ ဝှက်ထားသင့်တဲ့ အရာ ဖြစ်ပါတယ်။ ယင်း အချက်အလက်ကို ကြည့်ပြီးတော့ ဟက်ကာ များက အကောင့် ခိုးယူနိုင်ပါတယ်။

၇။ emotional ရုပ်ပုံများ ပေါပေါသီသီ အသုံးပြုခြင်း

အသုံးပြုဖို့အတွက်ကိုပဲ Facebook က :) :D :P အစရှိသဖြင့် အရုပ်ကလေးများ (emoticons) တို့ကို ပေးထားပါတယ်။ comment box ထဲမှာတောင် အသုံးပြုဖို့အတွက်ဆိုပြီး မကြာသေးမီကမှ Facebook အသစ် လုပ်ပေးထားပါတယ်။ ယင်း လက္ခဏာများကို ကိုယ်တင်တဲ့ Post တိုင်း၊ ပေးတဲ့ Comment တိုင်းမှာ ပေါပေါသီသီ အသုံးမပြုစေဖို့ အနောက်တိုင်းက User များက လက်ခံထားပါတယ်။ ယင်း လက္ခဏာများအား အလွန်အကျွံသုံးစွဲခြင်းဟာ တစ်ဖက်ရဲ့ တင်ပြချက်ကို မလေးစားရာ၊ အခြား ထင်မြင်စရာပေးစွမ်းတာမျိုးေ ကြာင့်လို့ ဆိုကြပါတယ်။ လက္ခဏာလေးများကို ဆင်ခြင်အသုံးပြုဖို့ဆိုပြီး အနောက်တိုင်းက user များက အကြံပြုထားကြပါတယ်။ ပြီးတော့လည်း ယင်း Emoticons နဲ့ ကွန်းမင့်ပေး တာများရင် Facebook က ဖြတ်တတ်ပြီး ပိုများလာရင် သတိပေးစာ ရောက်တတ်တယ် လို့ ဆိုပါတယ်။

၈။ ဘာလုပ်လုပ် Facebook ပေါ်တွင် Update လုပ်ခြင်း

ဒါလည်း မလုပ်သင့်ဘူးလို့ ဆိုပါတယ်။ ဥပမာ- အပြင်သွားလိုက်အုံးမယ်လို့ Update တင်လိုက်ခြင်းက အိမ်က သူခိုးလာဖို့ ဖိတ်ခေါ်တာနဲ့ အတူတူပဲ လို့ ဆိုပါတယ်။ ဘယ်သွားသွား၊ ဘာလုပ်လုပ် အားလုံးကို Facebook ပေါ်မှာ တင်နေရင်တော့ အကောင့်တင်မကပဲ မိမိနဲ့ ပတ်ဝန်းကျင် လုံခြုံရေးပါ ထိခိုက်လာနိုင်ပါတယ်။ ဓားပြတိုက်ဖို့အတွက် Facebook မှာ Status တင် လူစုတဲ့ ဖြစ်ရပ်ကြောင့်လည်း ထောင်ကျသွားတဲ့ ပေါက်ပေါက်ရှာရှာ ဖြစ်ရပ် မျိုးတောင် တကယ် ဖြစ်ခဲ့ပါတယ်။

၉။ သတိထားဖွယ် ကွန်းမင့်

ကွန်းမင့် Box ထဲမှာ Xxxxxxxxxx, baaaa, haaaaaa, အစရှိသဖြင့် ဘယ်မှာမှ ရှာလို့မရတဲ့ စာတွေ၊ အက္ခရာ အကြီးနဲ့ ရေးတဲ့စာတွေ (WOW, AMAZING, WHO IS HE?) အစရှိသဖြင့်တို့ကို ရှောင်ကြဉ်ရေးသား ရပါတယ်။ Facebook ကအဲဒီလိုစာများနဲ့ ကွန်းမင့်ပေးရင် သူ့အလို အလျောက် လိုက်ဖြတ်ပါတယ်။ အဲဒီလို ပေးပါများရင်တော့ Facebook က သတိပေးစာ ရောက်လာတတ်ပြီး ကံမကောင်းရင် အကောင့် လော့ကျ သွားနိုင်ပါတယ်။

၁၀။ ရောက်လေရာ မစစ်ပဲ အကောင့်ဖွင့်ခြင်း

ဆိုင်တစ်ဆိုင်ပြီးတစ်ဆိုင်၊ ကွန်ပျူတာ တစ်လုံးပြီးမသုံး ဘာမှ မစစ်ဆေးပဲ မိမိ Facebook ကို Log in ဝင်တာမျိုးတွေက အလုပ်များကြပါတယ်။ Log in မဝင်ခင် ဝင်မယ့် Facebook ရဲ့  Welcome page, Address bar ကို သေချာစစ်ဆေးပြီး သေချာပြီဆိုမှ Log in လုပ်သင့်ပါတယ်။ အချို့ နေရာကျ Facebook ပုံစံ ဖန်တီးပြီး address အတုနဲ့ ခပ်ယောင်ယောင် လုပ်ထားတာမျိုးတို့ ရှိပါတယ်။ ဒါကြောင့် ဆိုင်မှာ စက်တစ်လုံး စဖွင့်ပြီ ဆိုရင် သူအလိုအလျောက် ဖွင့်ပေးထားတဲ့ Page ကနေ ဝင်တာထက် ကိုယ်တိုင် Address bar ကနေ လိပ်စာ ရိုက်ပြီး ဝင်သင့်ပါတယ်။

အထက်ပါ ၁၀ ချက်ကို သိရှိနားလည် ကျင့်သုံးတတ်မယ်ဆိုရင် မိမိအကောင့်ကို လုံခြုံစိတ်ချစွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

          (မသိသေးတဲ့ သူငယ်ချင်းများအတွက်သာရည်ရွယ်ပါသည်ခင်ဗျာ.... :)

မှတ်သားစရာဗဟုသုတများ


(၁)Vatican City က ကမ္ဘာပေါ်မှာ အသေးဆုံး နိုင်ငံဖြစ်ပြီး လူဦးရေ ၁၀၀၀ ကျော် နဲ့ အကျယ်အ၀န်းက ၁၀၈.၇ ဧကပဲရှိတယ်။


(၂) Suicide Statistics တွေအရ တနင်္လာနေ့က ကိုယ့်ကိုယ်ကိုသတ်သေမှုအများ ဆုံးနေ့ဖြစ်တယ်။


(၃) ကမ္ဘာပေါ်မှာ နာမည် ပေးအများဆုံးနာမည်က မိုဟာမက် ဖြစ်ပါတယ်။



(၄)တစ်နှစ်ကုန်သွားတိုင်း သင့် ခန္ဒာကိုယ်ထဲက atoms 98% က အစားထိုးသွားတယ်။



(၅) သင်ကြိုက်ရာနံပါတ်တစ်ခုကို မှတ်ပြီး .. အဲဒီကောင်ကို ၂ ဆတိုး၊ ၁၀ ပေါင်း၊ ၂ နဲ့စား ပြီးတော့ မူလမှတ်ထားတဲ့ နံပါတ်ပြန်နှုတ်လိုက်ရင် ရလာမယ့် အဖြေက ၅ ဖြစ်ပါတယ်။



(၆)Dominica, Mexico, Zambia, Kiribati, Fiji နဲ့ Egypt အလံတွေမှာ ငှက်ပုံတွေ ပါကြတယ်။



(၇)M&M Chocolate က စစ်သားတွေကို လက်မှာ ကပ်စီးဖြစ်မနေပဲ စားနိုင်အောင် တီထွင်ခဲ့တဲ့ပထမဆုံး ချောကလက် ဖြစ်ပါတယ်။



(၈)ကမ္ဘာလူဦးရေရဲ့ တစ်ဝက်လောက်က James Bond 007 ဇာတ်ကား ကြည့်ဖူး ကြတယ်။



(၉)နှစ်စဉ်တိုးပြီးသုံးလာတဲ့ လျှပ်စစ်ပစ္စည်းတွေရဲ့ သံလိုက်စွဲအားကြောင့် ကမ္ဘာကြီးဟာ 2327 ခုနှစ်မှာ မြောက်ဝန်ရိုးစွန်းက လက်ရှိ Mid-Kansas နေရာရောက်လာမှာ ဖြစ်ပြီး တောင်ဝန်ရိုးစွန်းက အာဖရိက အရှေ့ပိုင်းနေရာကို ရောက်လာမှာ ဖြစ်ပါတယ်။



(၁၀)အမေရိကန်က Major League Baseball (MLB) ကစားသမားတွေက မဖြစ် မနေ အောက်ခံဘောင်းဘီ အနက်ရောင် ၀တ်ရပါတယ် ဘာလို့လဲဆိုတော့ ကစားနည်းက ဘောင်းဘီဂွပြဲနိုင်တဲ့ အတွက်ပါ။



(၁၁)ဇီးကွက် က ငှက်တွေထဲမှာ အပြာရောင်ကို မြင်နိုင်တဲ့ တစ်မျိုးထဲသော ငှက်ဖြစ် ပါတယ်။



(၁၂)Olympic အလံက စက်ဝိုင်းအရောင်တွေက အနီ၊ အနက်၊ အပြာ၊ အစိမ်း၊ အ၀ါ နဲ့ အဖြူခံပေါ်မှာ ဆွဲထားတာက ကမ္ဘာပေါ်က နိုင်ငံတွေ အလံတိုင်းမှာ အနည်းဆုံး အဲဒီ အရောင် ၁ ရောင်ပါလို့ ဖြစ်ပါတယ်။



(၁၃)ကမ္ဘာအကြီးဆုံး McDonald ဆိုင်က Beijing, China မှာ ရှိပြီးတော့ square feet 28,000 ရှိပြီး ငွေရှင်းကောင်တာ ၂၉ ခုရှိပါတယ်။



(၁၄)La Paz, Bolivia မြို့က ကမ္ဘာပေါ်မီးလောင်မှု အနည်းဆုံး မြို့ ဖြစ်ပါတယ်။ ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၁ သောင်း ၂ ထောင် ကျော်မြင့်တဲ့ အတွက် လေ ထုထဲမှာ ပါဝင်တဲ့ oxygen ပမာဏက မီးလောင်ရလောက်အောင် မပါတော့တဲ့ အတွက်ပါ။



(၁၅)အပြာရောင် ဝေလငါးတွေ က ထုတ်တဲ့ အသံက 188 Decibels ရှိပြီး ကမ္ဘာပေါ်က သက်ရှိတွေထဲမှာ အကျယ်ဆုံး အသံထုတ်နိုင်တဲ့ သတ္တ၀ါဖြစ်ပြီး အသံကို မိုင်ပေါင်း ၅၃၀ အကွာကနေတောင် ကြားရနိုင်ပါတယ်။


(၁၆)ကြက် နဲ့ ဘဲ က လူတွေစားတဲ့ အသားထဲမှာ မမွေးခင် ဥ အနေနဲ့ကော သေပြီးတဲ့ အထိပါစားတဲ့ အကောင်တွေဖြစ်ပါတယ်။


(၁၇)လူတွေသေတဲ့ အခါမှာ နောက်ဆုံး အလုပ်လုပ်သွားတဲ့ အာရုံက အကြား အာရုံ ဖြစ်ပါတယ်။


(၁၈)အမေရိကန်က WAL-MART စတိုးဆိုင်က ၇ မိနစ်တိုင်းမှာ $ 3,000,000.00 ပျမ်းမျှ အမြတ်ရတယ်။


(၁၉)ဘီယာကြော်ငြာ အများစုမှာ ဘီယာမှာ အမြုပ်များများ ထွက်ဖို့ အတွက် ဆပ်ပြာ ရည်တွေ ထည့်သုံးကြပါတယ်။


(၂၀)ပန်းသီးပင်က နှင်းဆီပန်းပင် အမျိုးအနွယ်ဖြစ်ပါတယ်။Bill Hanna နဲ့ Joe Barbera တို့က Tom & Jerry ကို ၁၉၃၉ မှာ စပြီး ဖန်တီးခဲ့ကြတယ်။


(၂၁)ဘဏ်ဓားပြ တိုက်နေတဲ့ အချိန်မှာ အသတ်ခံရဆုံးလူတွေက ဘဏ်ဓားပြတွေသာ ဖြစ်တယ်။


(၂၂)၁၉၀၇ ခုနှစ်ရဲ့ နှစ်သစ်ကူးနေ့မှာ Theodore Roosevelt က လူပေါင်း8513 ယောက် ကို လက်ဆွဲ နှုတ်ဆက်ခဲ့ပါတယ်။


(၂၃)Alexander Graham Bell က သူ့ မိန်းမ နဲ့ အမေ ကို တစ်ခါမှဖုန်း မခေါ်ခဲ့ဖူးဘူး ဘာလို့လဲဆိုတော့ သူတို့က နားမကြား ကြလို့ဖြစ်ပါတယ်။


(၂၄)ကမ္ဘာပေါ်က ရေ ရဲ့ ၂ ရာခိုင်နှုန်းသာ သန့်ရှင်းတဲ့ ရေဖြစ်တယ်။


(၂၅)Neil Armstrong လပေါ်ကို ခြေချတုန်းက ဘယ်ဘက် ခြေထောက် အရင်ချခဲ့တာ ဖြစ်ပါတယ်။


(၂၆)အက်စကီးမိုး တွေဟာ ရေခဲသေတ္တာကို စားစရာတွေ မခဲဖို့ အတွက်သုံးပါတယ်။


(၂၇)အမေရိကန် ၄ ယောက်တိုင်းမှာ ၁ ယောက်က တီဗီ မှာ ပါဖူးကြတဲ့ သူတွေ ဖြစ်ပါတယ်။


(၂၈)Sunday နဲ့ စတဲ့ လတိုင်းမှာ “Friday 13th” ဆိုတာ ရှိပါတယ်။

Thursday, December 12, 2013

တရုတ်မိုဘိုင်းဖုန်းများ သတိထားသုံးရန်





၁၅၀၀ တန်း ဆင်းကဒ်ကြောင့် အားလုံးဖုန်းကိုင်တော့မယ်လေ။ CDMA ဆိုတော့ တော်တော်များများ အသုံးတည့်မယ့် ဟန်းဆက်မျိုး က တရုတ်ကလာမယ်ထင်တယ်။ ထိုင်းကနေ လည်းလာပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဈေးပေါတိုင်း မသုံးစေချင်ဘူး။

ဒါဆို Techspace က တစ်ယောက်တစ်လုံးဝယ်ပေးမလို့လားလို့ လာဖောက်နေအုံးမယ်။ ပြောချင်တာက ကျန်းမာရေးနဲ့ ဆိုင်ပါတယ်။ တရုတ်ဈေးသက်သာဖုန်းတွေမှာ SAR အတော်လေး မြင့်ပါတယ်။

Specific absorption rate လို့ အရှည်ခေါ်တဲ့ SAR ဆိုတာ ထပ်ရှင်းရရင် power absorbed per mass of tissue လို့ ခေါ်ပါတယ်။ တစ်ရှုး ၁ ကီလိုဂရမ်စာ ပမာဏ ရှိတဲ့ လူ့အသားထဲကို ဝပ်အား ဘယ်လောက်ရှိတဲ့ ရေဒီယို ကြိမ်နှုန်း သို့မဟုတ် electromagnetic field ဘယ်လောက်ရှိတယ်ဆိုတာကို တွက်ချက် ခြင်း ဖြစ်ပါတယ်။

ကမ္ဘာ့ စမတ်ဖုန်းနဲ့ အခြား Telecommunication ဆစ်စပ် ပစ္စည်း ထုတ်လုပ်မှုတိုင်းမှာ SAR Rating အတွက် စောင့်ကြည့် လေ့လာတဲ့ အဖွဲ့က သီးသန့်ထားရပါတယ်။ မထားနိုင်ရင်တောင် SAR Rating စံချိန်စံညွန်း သတ်မှတ်ပေးတဲ့ အဖွဲ့အစည်းထောက်ခံချက် ရရှိတဲ့ ကုန်ကြမ်း ပစ္စည်းများကိုသာ အသုံးပြုလို့ စမတ်ဖုန်းများ ထုတ်လုပ် ရပါတယ်။

တရုတ် ဈေးပေါ ဟန်းဆက်မှာ သုံးတဲ့ ကုန်ကြမ်းများက SAR Rating နဲ့ ပက်သက်လို့ အလေးပေး ဖန်တီး၊ဆောင်ရွက်မှု မရှိပါဘူး။ အားလုံးကို မဆိုလိုပါ။ သို့သော် တော်များများ ဖြစ်ပါတယ်။ ကုန်ကြမ်း ပေါပေါသီသီ ရှိတော့ Apple က iPhone 6 စတင်မိတ်ဆက်ပြီး နောက် ၁ ရက်ဆို တရုတ် တရုတ်တို့က ဆင်တူနီးပါး အတုကို ဖန်တီးနိုင်ပါတယ်။ သို့ပေမယ့် အတွင်းက ပစ္စည်းများအတွက် ကျန်းမာရေးနဲ့ ပက်သက်တဲ့ အာမခံချက် သိပ်မရှိပါဘူး။

SAR Rating မြင့်တော့ ဘာဖြစ်လဲလို့ အချို့ ကမေးကြပါလိမ့်မယ်။ ဟုတ်ကဲ့။ သူက ဦးနှောက်ကင်ဆာဖြစ်စေ ပါတယ်။ ဘော်ဒီတစ်ရှူး များကို ရေဒီယိုလှိုင်း များ တိုက်ရိုက်ထိတွေ့မှုကြောင့် တစ်ရှူးများ သေစေပါတယ်။ ဒီတော့ ဆိုးကျိုးက ခဏသုံးလို့ ဘာမှ မဖြစ်ပေမယ့် ရေရှည်ကျရင် စကားပြောလာပါလိမ့်မယ်။ ဖုန်းတစ်လုံးကို တစ်နှစ်သုံးတယ်ပဲထား။ ယင်း ဖုန်းကို တစ်နှစ်လုံး အိပ်ထဲထည့်၊ သွားလေရာသယ်၊ အိပ်ယာဘေးထားအိပ်၊ နေ့မအား၊ ညမနား ပြော၊ ဖြစ်လာမယ့် ဆိုးကျိုးက မတွေးရဲစရာပါပဲ။

ကျနော် တရုတ်ဖုန်း ဈေးကွက်ပျက်အောင် ပြောတာ မဟုတ်ဘူးနော်။ စေတနာနဲ့ပါ။ SAR နဲ့ Connectivity က တိုက်ရိုက်အချိုးကျပါတယ်။ လိုင်းဆွဲအား ကောင်းလေလေ SAR များလေလေ၊ လိုင်းဆွဲအား နည်းလေလေ SAR နည်းလေလေလေ ဖြစ်ပါတယ်။ ဒါကြောင့် ယနေ့ခေတ် နောက် ဆုံး ပေါ် စမတ်ဖုန်းများက တရုတ်စမတ်ဖုန်းနဲ့ မော်ဒယ်နိမ့် စမတ်ဖုန်းများလောက် အများအားဖြင့် လှိုင်းဆွဲအား မကောင်းခြင်း ဖြစ်ပါတယ်။

ဥပမာ Samsung Galaxy Note 2 ဆိုရင် သုည ဒသမ နောက်မှာပဲ ရှိပါတယ်။ ခေါင်း ကို 0.17, ဘော်ဒီကို 0.95 W/Kg ပဲ ရှိပါတယ်။ ဖုန်းကို လက်က ကိုင်ပြောပေမယ့် ခေါင်းနဲ့ ကိုယ်ကို ဝင်တဲ့ SAR တွက်ချက်ပုံကလည်း မတူသေးပါဘူး။ effect ကလည်း ကွဲပြားနေလို့ ဖြစ်ပါတယ်။

ဒီလောက်ဆိုရင် SAR အကြောင်းကို သိလို့ သူငယ်ချင်းတို့ ဆင်ခြင် နိုင် မယ်လို့ မျှော်လင့်ပါတယ်။


Wednesday, December 11, 2013

Myanmar e Radio For Andriod

Myanmar e Radio 1.0






online radio များ၊FM radio များ၊BBC news,RFA news,VOA news များကို ဒီapp လေးသွင်းထားရုံဖြင့်
တနေရာထဲမှာအဆင်ပြေပြေနားဆင်နိုင်ပါပြီ၊၊

ကဲ...သူငယ်ချင်းများ...စမ်းသုံးကြည့်ချင်တယ်ဆိုရင်တော့ ဒီမှာဒေါင်းလုပ်ရယူနိုင်ပါပြီဗျာ။ အားလုံးအဆင်ပြေပါစေ။

Yatanarpon Caller Ring Back Tone For Andriod



 ကဲ...သူငယ်ချင်းများ...စမ်းသုံးကြည့်ချင်တယ်ဆိုရင်တော့ ဒီမှာဒေါင်းလုပ်ရယူနိုင်ပါပြီဗျာ။ အားလုံးအဆင်ပြေပါစေ။

နောက်ဆုံးထွက် ဗားရှင်းအသစ် Viber.v4.1.0.665

Viber.v4.1.0.665








ကဲ...သူငယ်ချင်းများ...စမ်းသုံးကြည့်ချင်တယ်ဆိုရင်တော့ ဒီမှာ ဒေါင်းလုပ်ရယူနိုင်ပါပြီဗျာ။ အားလုံးအဆင်ပြေပါစေ။

Sunday, December 8, 2013

လမ်းခွဲလိုက်လို့ အသဲကွဲသွားတာ ရှက်စရာလား ?



ရည်းစားက ကိုယ့်ကို အဆက်ဖြတ်သွားလို့ ၊ လမ်းခွဲသွားလို့ စိတ်ညစ်နေသူများအတွက် နဲ့ ကိုယ့် ချစ်သူက တစ်ဖတ် သတ်လမ်းခွဲသွားလို့ လူပုံအလယ်မှာ ရှက်နေရတယ်ဆိုတဲ့သူတွေအတွက်

> သမီးရည်းစားလမ်းခွဲတာ ရှက်စရာမဟုတ်ပါဘူး ။ ကြေကွဲစရာလည်းမဟုတ်ပါဘူး ။ အသဲကွဲလို့ အလုပ်ပျက် အကိုင်ပျက် ကိုယ့်တန်ဖိုးတွေ ပျက်နေမှသာ ရှက်စရာပါ ။

> ကိုယ်နဲ့မထိုက်တန်လို့ ကိုယ့် အချစ်ကိုသူလိုက်မမှီလို့ သူ့အချစ်ကအရမ်းနည်းနေလို့ နောက်မှာ ကျန်ခဲ့တယ်လို့ မှတ်ယူလိုက်ပါ ။

> သူက ကိုယ့်ကို စိတ်ကုန်လို့အဆက်ဖြတ်တယ်ဆိုရင်တော့သူ့ကို စွန့်လွှတ်လိုက်ပါ ။ အချိန်ကုန်ခံပြီး ခံစား မနေပါနဲ့

> ကိုယ့်ဘ၀တိုးတက်ဖို့အတွက်အချစ်ထက်အရေးတကြီးလုပ်စရာတွေအများကြီးရှိပါသေးတယ် ။

> သံယောဇဉ်ဆိုတာ တကယ်တော့ လမ်းခွဲလိုက်တဲ့အခါ မှာ ပူလောင်တဲ့ မီးတစ်စနဲ့တူတယ်။ အဲဒီသံယောဇဉ်ကို အကောင်းဆုံးကုစားနိုင်ဖို့က စိတ်ကို တည်ငြိမ်အောင်ထားပြီး အရှိကို အရှိအတိုင်းလက်ခံဖို့က အရေးကြီးပါတယ် ။

> ကိုယ့်ကို စွန့်လွှတ်သွားတဲ့သူကို တမ်းတနေဖို့မလိုသလို မုန်းနေဖို့လည်းမလိုပါဘူး ။ အပေါစားဆန် တဲ့အ ချစ်ကြောင့် ကိုယ့်ကိုယ်ကို (သူ့ကိုမုန်းနေတယ်ဆိုတဲ့ ) အမုန်းမီးတွေနဲ့မလောင်မြိုက်ပါစေနဲ့ ။

> သတိရတာ လွမ်းတာ တမ်းတတာတွေအားလုံးကို နာကျည်းမှုနဲ့ဖြေဖျောက်ပြီး မေ့နိုင်အောင်ကြိုးစားပါ ။

> ကိုယ့်အချစ်နဲ့ တန်းတူညီမျှ သူမလိုက်နိုင်တာ သူ့အချစ်က အရမ်းနိမ့်ကျနေတဲ့အတွက်ဖြစ်တယ် ။ ထားခဲ့ လိုက် ပါ ။ နေ၀င်သွားတဲ့ ညနေခင်းတိုင်းအတွက် နေ့သစ်တွေလာမယ့် မနက်ခင်းဆိုတာ ရှိတယ် ။

> အချိန်တိုင်းမှာ အချစ်အကြောင်း အလွမ်းအကြောင်း စဉ်းစားနေတဲ့ စိတ်ကို စွန့်ပယ်လို့ အသည်းကွဲဝေဒနာကို အကျိုးရှိတဲ့အလုပ်တွေ ကိုယ့်ဘ၀ တိုးတက်ရေးအတွက် လူသားအကျိုး ဘာသာ သာသနာအ ကျိုးကိုဆောင် ရွက်ဖို့အတွက်ကိုယ့်ရဲ့အဖိုးတန် အချိန်တွေကို အသုံးချရမယ်

> လုပ်ယူလို့ရတဲ့အထဲမှာ အချစ်ရယ် ဖူးစာရယ်မပါဘူး ။ ဘ၀ အဆက်ဆက်က ဖြည့်ဆည်းလာတဲ့ ပါရမီတွေရင့် သန်မှသာ ဖူးစာစစ်ကိုရှာတွေ့နိုင်မယ် ။

> ကိုယ့်ကိုထားသွားလို့ ကျမယ့်မျက်ရည်တွေကို သုတ်လိုက်ပါ ။ ကောင်းကင်မှာ ကြယ်စင်တွေအများကြီး သင့် ကို စောင့်ကြိုနေတယ် ။ နံနက်ခင်းရဲ့ လေပြည်ကို ရှုရှိုက်ပြီး ဘ၀အတွက် ခွန်အားတွေမွေးဖွားပါ ။

ပတ်ဝန်းကျင်ကိုလိုက်ပြီး အရောင်ပြောင်းတတ်တဲ့သတ္တ၀ါ



ကျွန်တော်တို့ သိထားတဲ့ သတ္တ၀ါတွေထဲက ပတ်ဝန်းကျင်ကိုလိုက်ပြီး အရောင်ပြောင်းတတ်တဲ့ အကောင်ဆိုရင် ပုတ်သင်ညိုပဲဖြစ်ပါတယ် ။ အခုဒီတောနက်ထဲက သတ္တ၀ါတွေကတော့ ပုတ်သင်ညို အနွယ်ဝင်တွေလို့ ခန့်မှန်းရပါတယ် ။ တစ်ချို့ဆိုရင် သစ်ကိုင်းတွေနဲ့ ခွဲခြားလို့ မရအောင်တူလွန်းတဲ့ အတွက် အမှတ်တမဲ့ကြည့်မယ် ဆိုရင် သတိမှုမိမှာ မဟုတ်ပဘူး ။ ဒါဟာ သူတို့ရဲ့ သဘာဝကပေးတဲ့ စွမ်းအင်ပေါ့နော် ။ အန္တရာယ်တွေကို ကာကွယ်ဖို့အတွက် ပေါ့ ။ ဒါပေမယ့် လူတွေကတော့ ပတ်ဝန်းကျင် ကိုလိုက်ပြီး အဲဒီလိုသာ အရောင် ပြောင်းနေမယ်ဆို ရင်တော့.......................။





 ဒီအကောင်ဆို ခွဲမရအောင် သစ်ကိုင်းနဲ့ တူတယ်နော်.. ။




Related Posts Plugin for WordPress, Blogger...