Blogger Widgets

Tuesday, December 24, 2013

Huawei Y511 မြန်မာဖောင့် ရပြီ...100%


မြန်မာဖောင့်ရပါပြီခင်ဗျာ...U00 , T00 Type နှစ်မျိုးလုံးအဆင်ပြေပါတယ်ခင်ဗျာ...ကျနော်ကိုယ်တိုင်စမ်းပြီးပါပြီခင်ဗျာ

ဖောင့်ထည့်ပုံကိုဆက်လက်ရှင်းပြပါမယ်ခင်ဗျာ...

(1)ဖုန်းကိုUSB ကြိုးတပ်..ပြီး..ကွန်ပျုတာနှင့်ချိတ်ဆက်လိုက်ပါ..Notification Bar ကိုဆွဲချလိုက်..USB connectedဆိုတာလေးကိုနှိပ်လိုက်ပါ..အောက်ကပုံလေးအတိုင်းပေါ်လာလိမ့်မယ်..


Turn on USB storage ဆိုတာကိုနှိပ်လိုက်ပါ..


Computer ထဲမှာ Removable Disk လို့ ပေါ်လာလိမ့်မယ်


Removable Disk ထဲကိုဝင်လိုက်ပါ..ပြီးရင်Folder အသစ်ဆောက်လိုက်ပါ..Folder အမည်ကို font လို့ ပေးပါ..ပြီးရင်..font ကို ဒီမှာရယူပါ

ရလာသောဖောင့်ကိုခုနက..အသစ်ဆောက်ထားတဲ့ font ဆိုတဲ့ Folder ထဲကို ထည့်ပါ...

ပြီးရင်ဖောင့်ကိုinstall လုပ်ဖို့ အတွက်..i Font.apkကို..ဒီမှာရယူပါ
ရလာသော i Font apk လေးကိုဖုန်းထဲမှာinstall လုပ်လိုက်ပါ

ပြီးရင် i Font apk လေးကိုဖွင့်ပါ..အောက်ကပုံအတိုင်းပေါ်လာပါလိမ့်မယ်


ဘေးက local ကိုတစ်ချက်နှိပ်ပါ..အောက်ကပုံလေးအတိုင်းတွေ့ ရပါမယ်


Default Font ကိုနှိပ်ပါ..super user ကနေ ခွင့်တောင်းပါလိမ့်မယ်..အဲ့ကျရင်..allow ကိုနှိပ်ပေးလိုက်ပါ
အောက်ကပုံကိုကြည့်ပါ

ပြီးရင်Select restore fontဆိုတာလေးပေါ်လာပါလိမ့်မယ်..အောက်ကပုံကိုကြည့်ပါ


Backup font နဲ့  Internal font ဆိုပြီးတွေ့ မယ်..Internal  font ကို နှိပ်ပေးလိုက်ပါ..ပြီးရင်..OK ကိုနှိပ်ပေးလိုက်ပါ..Reboot ကျပြီးပြန်တက်လာရင်အမှန်ကန်ဆုံးမြန်မာဖောင့်လေးနဲ့ သုံးလို့ ရပါပြီခင်ဗျာ..
မှတ်ချက်။   ။Root ဖောက်ထားဖို့ တော့လိုပါတယ်ခင်ဗျာ..။



i Font (Easy To Change Font ) APK

သူငယ်ချင်းတို့ ရဲ့ ဖုန်းထဲမှာfont တွေ install လုပ်ဖို့ အတွက်..i Font (Easy To Change Font ) APK

ကဲ...သူငယ်ချင်းများ...စမ်းသုံးကြည့်ချင်တယ်ဆိုရင်တော့ဒီမှာဒေါင်းလုပ်ရယူနိုင်ပါပြီဗျာ။ အားလုံးအဆင်ပြေပါစေ။

V Root 1.7.3.4388 Latest Version

V Root 1.7.3.4388  Latest Version



ကဲ...သူငယ်ချင်းများ...စမ်းသုံးကြည့်ချင်တယ်ဆိုရင်တော့ ဒီမှာဒေါင်းလုပ်ရယူနိုင်ပါပြီဗျာ။ အားလုံးအဆင်ပြေပါစေ။

Monday, December 23, 2013

“ နှေးကွေးနေတဲ့ သင့် Laptop ကို မြန်ဆန်အောင်လုပ်ပေးမယ့် အချက် ၇ ချက် ”




သင့်ရဲ့ Laptop ဟာ ၀ယ်ခါစတုန်းကထက်စာရင် အလုပ်လုပ်တဲ့နေရာမှာ ပိုပြီးနှေးကွေးသွားပြီဆိုတာ သင်သတိပြုမိတယ်ဆိုပါစို့။ သင်ဘာလုပ်မလဲ။ အလုပ်လုပ်တာ ပိုမြန်မယ့် နောက်အသစ်တလုံး ထပ်ဝယ်ဖို့ကလည်း သင့်အတွက် ခက်ခဲကောင်း ခက်ခဲ နေပါလိမ့်မယ်။ အဲဒီအတွက် အကုန်အကျသက်သာမယ့် ပြုပြင်မွမ်းမံမှုတွေကို သင်ကိုယ်တိုင် ပြုလုပ်ရ တော့မှာပါ။ ဒါဆိုရင်တော့ အောက်မှာ ရေးသားထားတဲ့ အချက် ၇ ချက်ကို စမ်းသပ်လုပ်ကိုင်ကြည့်ပါ။ သင့် Laptop ပိုမိုမြန်ဆန်လာတာ တွေ့ရပါလိမ့်မယ်။

အောက်မှာဖော်ပြထားတဲ့အချက်တွေဟာ အမေရိကန်အခြေစိုက် Laptopမဂ္ဂဇင်းအဖွဲ့က လက်တွေ့ စမ်းသပ်ထားတဲ့ အချက်တွေပါ။ စမ်းသပ်တဲ့နေရာမှာ အင်မတန်နှေးကွေးတဲ့ xp နဲ့ vista ၀င်းဒိုးစနစ် သုံး Laptop နှစ်လုံးကို အသုံးပြုခဲ့ပါတယ်။


၁။ သင့် Laptop ကို memory(၀ါ)RAM ပမာဏထပ်တိုးပါ

RAM လို့ခေါ်တဲ့ memory ပမာဏထပ် တိုးတာဟာ အလွန်နှေးကွေးတဲ့ ကွန်ပြူတာတွေကို ပိုမို မြန်ဆန်အောင်လုပ်ပေးမယ့် နည်းများစွာထဲက တခုပါဘဲ။ RAM ထုပ်လုပ်တဲ့ Crucial စက်ရုံရဲ့အဆိုအရ ဆိုရင် ၀င်းဒိုးXP အတွက် RAM ပမာဏ အနည်းဆုံး 1GB ရှိရမှာဖြစ်ပြီး ၀င်းဒိုးVista အတွက်ကတော့ အနည်းဆုံး 2GB ရှိရမှာပါ။ RAM ပမာဏ ပိုများတာနဲ့အမျှ သင့်ကွန်ပြူတာဟာ ပိုမိုမြန်ဆန်လာမှာဖြစ်ပြီး ပရိုဂရမ်များကိုလည်း တပြိုင်တည်းအသုံးပြုနိုင်လိမ့်မယ်လို့ သိရပါတယ်။

Laptop မဂ္ဂဇင်းအဖွဲ့ရဲ့စမ်းသပ်မှုအရ 358 MB အရွယ်ရှိတဲ့ ဖိုင်တခုကို RAM ပမာဏ 1GB နှင့် zip ဖိုင်လုပ်ရာတွင် ၁ နာရီ ၄၅ မိနစ်ခန့်အချိန်ကြာခဲ့ပြီး RAM ပမာဏ 2GB နှင့်အစားထိုးစမ်းသပ်ရာတွင် ၁ နာရီ ၁၀ မိနစ်ခန့်သာ အချိန်ကြာခဲ့သည်။

၂။ ကွန်ပြူတာတွင်းရှိဖိုင်များကို Disk Defragmenter အသုံးပြုပြီးနေရာတကျစီပါ

သင့် Laptop ထဲကဖိုင်တွေကို တလမှာဘယ်နှစ်ခါ စီပေးရမယ်လို့တော့ အတိအကျပြောလို့မရပါ ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ သင့်ရဲ့ကွန်ပြူတာအသုံးပြုမှုအချိန်ပမာဏပေါ်မူတည်ပြီးမှ ဆုံးဖြတ်လို့ ရမှာဖြစ်လို့ပါဘဲ။ သင့်ကွန်ပြူတာဟာ အသုံးပြုမှုများမယ်၊ Software တွေသွင်းလိုက်၊ဖျက်လိုက်မကြာ ခဏလုပ်မယ်ဆိုရင် ကွန်ပြူတာ Hard Disk ထဲမှာရှိတဲ့ ဖိုင်တွေဟာ ဟိုတစ ဒီတစနဲ့ပြန့်ကျဲနေပါလိမ့်မယ်။ အဲဒီအခါမှာ သင်က ကွန်ပြူတာကို ဖိုင်တခု(သို့)application တခုကို ဖွင့်ခိုင်းလိုက်မယ်ဆိုပါစို့။ သင့် ကွန်ပြူ တာဟာ သူ့ရဲ့ Hard Disk ထဲမှာရှိတဲ့ ပြန့်ကျဲနေတဲဖိုင်တွေထဲက သင်လိုချင်တာကို တစစီလိုက်ကောက် ပေးနေရတဲ့အတွက် အချိန်မကြာသင့်ဘဲကြာသွားရပါတယ်။ သင့်ကွန်ပြူတာထဲက ဖိုင်တွေကို စီပေးချင်း အားဖြင့် ဒီအချိန်ယူမှုကို လျော့ချနိုင်ပါတယ်။ အဲဒီအတွက် Start – All Programs – Accessories – System Tools ကိုအဆင့်ဆင့်သွားပါ။ System Tools ထဲက Disk Defragmenter ကို နှိပ်ပြီး သင့်ကွန်ပြူတာ Hard Disk ထဲက ဖိုင်တွေကို နေရာတကျစီပေးလိုက်ပါ။

Laptop မဂ္ဂဇင်းအဖွဲ့ရဲ့စမ်းသပ်မှုအရဆိုရင် ဖိုင်စီပြီးနောက်ပိုင်း ကွန်ပြူတာဖွင့်တဲ့နေရာမှာ ၀င်းဒိုး တက်တာ ပိုမြန်လာတာကိုတွေ့ရပါတယ်။ နောက်ပြီး ပရိုဂရမ်တွေကို ဖွင့်တဲ့နေရာမှာလည်း ပိုမိုမြန်ဆန် လာပါတယ်။ နောက်ထပ်စမ်းသပ်မှုတခုအနေနဲ့ ‘find me.txt’ လို့အမည်ပေးထားတဲ့ ဖိုင်တခုကို Hard Disk ရဲ့ အတွင်းကျကျနေရာမှာ သိမ်းဆည်းပြီး ကွန်ပြူတာကို ရှာခိုင်းခဲ့ပါတယ်။ ဖိုင်မစီပေးခင်တုန်းကဆိုရင် ရှာခိုင်းတဲ့ဖိုင်ကို တွေ့ဖို့ ၂၂ စက္ကန့်အချိန်ကြာပြီး ဖိုင်စီပြီးနောက်ပိုင်းရှာခိုင်းတဲ့အခါ ၆ စက္ကန့်သာ အချိန် ကြာခဲ့ပါတယ်။

၃။ သိပ်ပြီးအရေးမကြီးတဲ့ program တချို့ကို ပိတ်ထားပါ

တချို့ Laptop တွေဆို စဖွင့်လိုက်တာနဲ့တပြိုင်ထဲ ၀င်းဒိုးစနစ်နဲ့အတူ သင်သိပ်မသုံးတဲ့ပရိုဂရမ်တွေ အလိုလျှောက် အလုပ်လုပ်ပြီး ပွင့်လာပါတယ်။ ဒါကြောင့် ကွန်ပြူတာဟာ သင်မသုံးခင်ကတည်းက နှေး ကွေးသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီ ပရိုဂရမ်တွေဟာ သင့်ကွန်ပြူတာရဲ့ RAM ပမာဏ တချို့နဲ့ CPU အားကို သုံးစွဲလိုက်လို့ဘဲ။ ဒါကြောင့် ကွန်ပြူတာစဖွင့်ဖွင့်ခြင်း ၀င်းဒိုးစနစ်နဲ့လိုအပ်တဲ့ system ဖိုင်တ ချို့ကိုသာ အလုပ်ပေးလုပ်စေသင့်ပါတယ်။ သိပ်အရေးတကြီးသုံးမှာမဟုတ်တဲ့ Google Talk,iTune, Quicktimeplayer တို့လို ပရိုဂရမ်ဖိုင်တွေကို ပိတ်ထားသင့်ပါတယ်။ အဲဒီလိုပိတ်ဖို့အတွက် ၀င်းဒိုးXP မှာ Start – Run ကိုနှိပ်ပြီးပေါ်လာတဲ့ အကွက်ထဲမှာ msconfig ဆိုပြီးရိုက်ထည့်လိုက်ပါ။ ပေါ်လာတဲ့ box ထဲက serviecs နဲ့ startup ဆိုတဲ့ခေါင်းစဉ်အောက်မှာ ကွန်ပြူတာဖွင့်ဖွင့်ချင်း အလုပ်မလုပ်စေချင်တဲ့ဟာတွေမှာ အမှန်ခြစ်ထားတဲ့ အမှတ်လေးတွေ့ရင် ကလစ်နှိပ်ပြီး ဖြုတ်လိုက်ပါ။ ၀င်းဒိုး Vista မှာဆိုရင်တော့ Search box ကနေ့တဆင့် သွားရောက်ချိန်ညှိရမှာပါ။

အဲဒီလိုချိန်ညှိတဲ့နေရာမှာ သင့်အနေနဲ့တခုသတိထားရမှာက ၀င်းဒိုးစနစ်အလုပ်လုပ်ဖို့ ကူညီပေးတဲ့ system ဖိုင်တွေကို သွားပြီးပိတ်မထားမိစေဖို့ပါဘဲ။ ဒါကြောင့် သင့်အနေနဲ့ ဘယ် program တွေကို ပိတ်ထားရမယ်ဆိုတာ မသေချာဖြစ်နေရင် အတန်အသင့် နားလည်တတ်ကျွမ်းတဲ့ မိတ်ဆွေတွေကို အကူညီတောင်းပြီး လုပ်ခိုင်းတာအကောင်းအဆုံးပါဘဲ။ မိတ်ဆွေကလည်း မကူညီနိုင်ဘူးဆိုရင်တော့ အင်တာနက်ပေါ်က အခမဲ့အသုံးပြုခွင့်ပေးထားတဲ့ PC Decrapifier (www.pcdecrapifier.com) ပရိုဂရမ်ကိုအသုံးပြုပြီး မလိုအပ်တဲ့ ပရိုဂရမ်တွေကို ပိတ်ထားသင့်ပါတယ်။ အဲဒီလိုချိန်ညှိလိုက်ခြင်းအားဖြင့် Laptop ရဲ့အလုပ်လုပ်နှုန်း ပိုမြန်လာတာကို တွေ့ရပါတယ်။

၎။ သင့် Laptop ရဲ့ စနစ်ပိုင်းဆိုင်ရာကို အကောင်းဆုံးဖြစ်အောင် ချိန်ညှိပါ

သင့် Laptop ဟာ သုံးစွဲတာကြာလာတာနဲ့အမျှ registry တွေအမှားတွေဖြစ်ပေါ်လာတတ်ပါတယ်။ ဒါမှမဟုတ် program တွေ, software တွေကို စနစ်တကျ ထည့်သွင်းခြင်း ဒါမှမဟုတ် စနစ်တကျ ဖယ်ရှားခြင်းတွေ မလုပ်တဲ့အတွက် စနစ်ပိုင်းဆိုင်ရာမှာ အမှားတွေဖြစ်လာပါတယ်။ ဒီအတွက်သင့် Laptop နှေးကွေးသွားပါလိမ့်မယ်။ ဒီစနစ်ပိုင်းဆိုင်ရာတွေချိန်ညှိဖို့ သင့်အနေနဲ့ ခက်ခဲကောင်းခက်ခဲနေမယ်ဆိုရင် တော့ ပိုက်ဆံအနည်းငယ် အကုန်ခံရပါလိမ့်မယ်။ အမေရိကန်ဒေါ်လာ ၅၀ တန်ဖိုးပေးဝယ်ရတဲ့ iolo System Mechanic 7 ပရိုဂရမ်ကိုအင်တာနက်ပေါ်ကတဆင့်ဝယ်ယူပြီးအသုံးပြုဖို့တိုက်တွန်းပါရစေ။

Laptop မဂ္ဂဇင်းအဖွဲ့ကနေ iolo System Mechanic 7 ပရိုဂရမ်အသုံးပြုပြီး ၀င်းဒိုး XP သုံး Laptop ကို စစ်ဆေးလိုက်တဲ့အခါ registry အမှားပေါင်း ၃၁၂ ခုနဲ့ Hard Disk ထဲမှာလည်း အမှားအယွင်း တွေရှိတာတွေ့ရပါတယ်။ အဲဒီအမှားတွေကို ပြန်လည် ပြင်ဆင်ပြီး စမ်းသပ်တဲ့အခါမှာတော့ XP ၀င်းဒိုးသုံး Laptop ဟာ အလုပ်လုပ်တဲ့နေရာမှာ အရင်ကထက် ၂ စက္ကန့်ပိုမြန်လာတာကို တွေ့ရပါတယ်။

တဆက်တည်း ၀င်းဒိုး Vista သုံး Laptop ကို စစ်ဆေးကြည့်တဲ့အခါ spyware ၂ ခု၊ registry အမှားပေါင်း ၁၅၄ ခုနဲ့ Hard Disk အမှားအယွင်းဖြစ်နေတာကို တွေ့ရပါတယ်။ အဲဒီအမှားတွေကို ပြုပြင် ပြီးနောက်တကြိမ်စက်ကို အသုံးပြုကြည့်တဲ့အခါမှာ အရင်ကထက် ၈ စက္ကန့်ပိုမိုမြန်ဆန်လာပါတယ်။

၅။ Search Indexing ကိုပိတ်ထားပါ

Search Indexing ကိုဖွင့်ထားမယ်ဆိုရင် သင့် Laptop နှေးကွေးသွားပါလိမ့်မယ်။ အဲဒါကို ပိတ်ဖို့အတွက် ၀င်းဒိုး XP နဲ့ Vista နှစ်ခုစလုံးမှာ နည်းလမ်းအတူတူပါဘဲ။ My Computer ကနေတဆင့် Hard Disk ဆီကိုသွားပါ။ Hard Disk အမှတ်အသားပေါ်မှာ မောက်စ် right click နှိပ်ပြီး Properties ကို နှိပ်လိုက်မယ်ဆိုရင် box တခုပေါ်လာပါလိမ့်မယ်။ General Tab အောက်က “Allow Indexing Service to index this disk for fast file searching” ကို အမှန်ခြစ်ထားတာတွေ့တယ်ဆိုရင် ဖြုတ်ပေးလိုက်ပါ။ ဒါဆိုရင် သင် Search Indexing ကို ပိတ်ပြီးသွားပါပြီ။

စမ်းသပ်မှုအရ Search Indexing ကိုပိတ်လိုက်ခြင်းအားဖြင့် ၀င်းဒိုး နှစ်ခုစလုံးမှာ စက္ကန့် ၃၀ ခန့် ပိုမိုမြန်ဆန်လာတာတွေ့ရပါတယ်။

၆။ သင့် Laptop ထဲက Spyware တွေကိုသတ်ပါ

Spyware ဆိုတာ သင်မသိအောင် သင့် Laptop ထဲမှာ အလုပ်လုပ်နေတဲ့ ဆော့ဖ်ဝဲတမျိုးပါဘဲ။ အဲဒီ Spyware အမျိုးအစားဆော့ဖ်ဝဲတွေက သင့်ကွန်ပြူတာထဲမှာ ဘာတွေရှိတယ်၊ သင်ဘာတွေလုပ်နေ တယ်ဆိုတာကို Spyware ထုတ်လွှတ်လိုက်သူထံ တိတ်တဆိတ်ပြန်လည်ပို့ဆောင်ပေးနေပါတယ်။ Spyware တွေဟာ အင်တာနက်ကနေတဆင့် သင့်ကွန်ပြူတာထဲကိုဝင်ရောက်လာတာများပါတယ်။ သင့် ကွန်ပြူတာထဲမှာ Spyware ရှိနေတဲ့အတွက် သင့်ရဲ့ပုဂ္ဂိုလ်ရေးလုံခြုံမှုကို ထိခိုက်သလို သင့်ကွန်ပြူတာကို လည်းနှေးကွေးစေပါတယ်။ အဲဒီ Spyware တွေကို ရှာဖွေဖော်ထုတ်ပြီးသတ်ဖို့အတွက် Spybot Search & Destroy ဆိုတဲ့ဆော့ဝဲကို (www.safer-networking.org/en) မှာဒေါင်းလုပ်ပါ။ ပြီးတော့ သင့်ကွန်ပြူ တာကို မကြာခဏစစ်ဆေးပေးလိုက်ရုံနဲ့ Spyware တွေရဲ့ရန်ကို အထိုက်လျှောက်ကာကွယ်ပြီးသားဖြစ် သွားသလို အလုပ်လုပ်တာလည်း ပိုမြန်သွားပါလိမ့်မယ်။

စမ်းသပ်မှုအရ အဲဒီအခမဲ့ရနိုင်တဲ့ Spybot Search & Destroy ဆော့ဖ်ဝဲဟာ Spyware တွေကို ရှာဖွေနှိမ်နှင်းပေးတာတွေရပါတယ်။ အဲဒီတော့သင့်ကိုလည်း Spybot Search & Destroy ဆော့ဖ်ဝဲအ သုံးပြုဖို့ ထောက်ခံပါတယ်။

၇။ စနစ်နောက်ကွယ်က သိပ်အရေးမကြီးတဲ့ update service တွေကိုပိတ်ထားပါ

သင့်ကွန်ပြူတာဟာ တခါတလေ သိပ်ပြီးအရေးမကြီးတဲ့ Google Earth, Google Toolbar နဲ့ တခြား Google နဲ့ပတ်သက်တာတွေကို သင့်နောက်ကွယ်မှာ update လုပ်ဖို့အလိုလျှောက်ကြိုးစားနေ တတ်ပါတယ်။ ဒါတွေဟာ ကွန်ပြူတာကို အလုပ်များစေတဲ့အတွက် လုပ်ငန်းလုပ်ရာမှာ နှေးကွေးသွားစေ ပါတယ်။ အဲဒါတွေကို ရှာဖွေပြီးပိတ်ဖို့ Run box ထဲမှာ services.msc ဆိုပြီးရိုက်ထည့်လိုက်ပါ။ သင့်ကွန် ပြူတာထဲမှာရှိတဲ့ service တွေပေါ်လာပါလိမ့်မယ်။ အဲဒီထဲက သင့်အနေနဲ့ မလိုအပ်ဘူးလို့ ယူဆတဲ့ဟာကို မော့က်စ် right click နှိပ်ပြီး properties ကို ခေါ်လိုက်ပါ။ properties box ထဲက startup type ဆိုတဲ့ ဘေးအကွက်ထဲမှာ manual ဒါမှမဟုတ် disable ကို ပြောင်းပေးလိုက်ပါ။ လက်တွေ့စမ်းသပ်မှုအရ ကွန် ပြူတာ ပိုမိုမြန်ဆန်လာတာတွေ့ရပါတယ်။


(မသိသေးသော သူငယ်ချင်းများအတွက် ရည်ရွယ်ပါသည်)

ကွန်ပျူတာမြန်ဆန်စေဖို့ အခြေခံကျတဲ့နည်းလမ်း



၁။ ပထမဆုံး
run box ကိုဖွင့်လိုက်ပါ။
-start ကနေသွားလည်းရတယ်။ Windows key နဲ့ R တွဲနှိပ်လည်းရပါတယ်။
-run box မှာ gpedit.msc လို့ရိုက်လိုက်ပါ။
-ဘယ်ဘက်မှာ computer configuration ကိုရွေးလိုက်ပါ။
-Administrative Templates ကိုရွေးပါ။
-Windows Components ကိုရွေးပါ။
-Terminal services ကိုရွေးပါ။
-Temporary folders ကိုဆက်ရွေးပါ။
-Do not delete temp folder upon exit မှာ right click ခေါက်ပြီး properties ကိုရွေးပါ။
-ပြီးရင် disable ကိုရွေးချယ်လိုက်ပါ။
-ပြီးရင် apply ၊ ok လိုက်ပါ။

ဒါဆိုရင်တော့ temp files တွေဖျက်လို့ရပါပြီ။
ခုနလိုပဲ run box ပြန်ခေါ်လိုက်ပါ။ ပေါ်လာတဲ့ ဘောင့်စ်မှာ %temp% လိုက်ရိုက်ထည့်လိုက်ပါ။
ပြီးရင် enter ခေါက်လိုက်ပါ။ ဒါဆို temp files တွေပေါ်လာပါပြီ။ delete နဲ့ဖျက်လိုက်ပါ။
တချို့ဖိုင်တွေ အလုပ်လုပ်နေသေးလို့ ဖျက်လို့မဘူးလို့ ပြောပါလိမ့်မယ်။

၂။ နောက်တစ်မျိုး

run box ခေါ်လိုက်ပါ။ prefetch လို့ရိုက်လိုက်ပါ။ ctrl+A နဲ့အားလုံး select ပေးပြီး ဖျက်ပြစ်လိုက်ပါ။

 ၃။ Hard disk ကိုရှင်းရအောင်

Windows XP မှာ hard disk ကိုရှင်းတဲ့ tool လေးတစ်ခုပါဝင်ပါတယ်။ တကယ်ကိုကောင်းမွန်ပါတယ်။
Start
All Program
Accessories
System tools
Disk cleanup ထိသွားလိုက်ပါ။
ရောက်သွားရင် ကိုယ်ရှင်းချင်တဲ့ drive ကိုရွေးချယ်ပြီးတော့ ရှင်းလို့ရပါပြီ။ ပုန်းကွယ်နေတဲ့ အမှိုက်သရိုက်တွေအားလုံး
ကို ရှင်းလင်းပေးပါလိမ့်မယ်။ မရှင်းတာကြာရင်ကြာသလောက် အချိန်စောင့်ရပါတယ်။ အပြင်ခနသွားတာတို့ ကော်ဖီ
သောက်တာတို့ စသည်အချိန်တွေမှာ ရှင်းထားနိုင်ပါတယ်။ ကျွန်တော်လည်း ဒီလိုပဲ ကော်ဖီသောက်ချိန်ဆိုရင် ရှင်းထား
လိုက်တာပဲ။ အစအနမကျန်အကုန်ရှင်ပေးပါတယ်။

၎။ မသုံးတဲ့ program တွေဖယ်ထုတ်ရအောင်

Start
Run
run box ခေါ်ပြီးရင် msconfig လို့ရိုက်လိုက်ပါ။ System Configuration Utility ဘောင့်စ်ပေါ်လာပါလိမ့်မယ်။
Startup ဆိုတဲ့ tab ကိုရွေးချယ်လိုက်ပါ။ ကိုယ့်အတွက်အသုံးမလိုတော့တဲ့ program တွေရှေ့မှာ အမှန်ခြစ်ထားခဲ့ရင်
uncheck (အမှန်ခြစ်ကိုဖြုတ်)လုပ်ပါ။ ပြီးရင် restart ပြန်ချလိုက်ပါ။

၅။ ပရိုဂရမ်ရဲ့အမြန်နှုန်းကို မြှင့်တင်ရအောင်

screen အောက်ခြေက taskbar ကို right click ခေါက်ပါ။ ပေါ်လာတဲ့ထဲက Task Manager ကိုရွေးပါ။
process ဆိုတဲ့ tab ကိုထပ်ရွေးပါ။ ကိုယ့်စက်ထဲမှာရှိတဲ့ program တွေ ပေါ်လာပါလိမ့်မယ်။
ကိုယ်မကြာခနသုံးလေ့ရှိတဲ့ program ပေါ်မှာ right click ခေါက် set priority မှာ high ကိုရွေးပေးလိုက်ပါ။

Phone IC အကြောင်း




I . C (ယေဘူယ ခွဲခြားနည်း)
၁ ။ POWER I.C ခွဲခြားရင် ဘေးမှာ POWER Crystal ရှိတယ် Capacitor တွေအများကြီးရှိတယ်
၂ ။ Nokia မှာ Second Powei IC ခွဲလိုလျှင် ဘေးမှာ Coil အ၀ိုင်းကြီးရှိတယ် (Betty တို့ Tahbo စသည်ဖြင့် IC ပေါ်တွင်ရေးထားသည်။)
၃ ။ CPU ခွဲလိုလျှင် လေးထောင့်ညီညီနှင့် အကြီးဆုံး IC
၎ ။ CPU ဘေးမှာ ရှည်ရှည်သွယ်သွယ် IC ကSoftware ရေးတဲ့ Flash IC
၅ ။ GSM Pa IC က အင်တာနာ Pad အနီးနားမှာ
၆ ။ WCDMA PA IC က ဘေးနားမှာDuplex Falter ရဲ့ ကာလာရောင် ရွှေ ကြေး အနက်ရောင် စသည်ဖြင့် ဘေးနားမှာရှိ
၇ ။ GSM နဲ့ WCDMA မှာ GSM IC က နည်းနည်းပိုကြီးတယ် Duplex FLTER က Digital Mic
၈ ။ RF IC (Network IC) ခွဲလိုလျှင် ဘေးမှာ Network Crystal ,Soft Falter (မဲမဲအရောင်)ရှိ
၉ ။ Bluetooth IC ဘေးနားမှာ MHz ရှိတယ် (Nokia) မှာဆို အဖြူရောင် အခြားမှာဆို နှစ်လုံးပြူး Capacitor ထက် နည်းနည်းသေးတဲ့ပုံအတိုင်းလာတယ်
၁၀။ WiFi IC က Power IC အရွယ်လောက်ရှိတယ် သူဘေးနားမှာ သူ့အတွက်သီးသန့် INT တစ်ခုရှိတယ်
၁၁။ BackLight IC ဘေးမှာ ကွိုင် အ၀ိုင်းကြီး ရှိ SAMSUNG HUAWEI SONY Etc ဘေးမှာ Diode , Coil ရှိတယ်
၁၂။ GPS IC က ပြောင်လက်လက် ပါးပါးလေး Crystal သေးသေးလေးလည်းဘေးမှာရှိတယ်
၁၃။ USB IC က Charging လမ်းကြောင်း USB Connector အနီးမှာ သေးသေးလေး
၁၄။ SIM IC က SIM Connector ရဲ့ဘေးနားလောက်မှာ မာကင်ရဲ့ အောက်မှာ (စောင်းကြည့်လျှင်[8]အလယ်လွတ် ထောင့်လွတ်)
၁၅။ Camera IC က Camera အိုက်ရဲ့အနီးအနားမှာ Second Power IC အရွယ်လောက်ရှိမယ်
၁၆။ Display IC ကDisplay Connector ရဲ့အနီးမှာ
၁၇။ Keypad IC က Keypad ရဲ့အနီး အပေါ် ဒါမှမဟုတ်အောက်
၁၈။ memory Card IC က mmc caplock ရဲ့ ဘေးနားမှာ
RESISTOR (R) (အပေါ်ကအမဲ)ဖြုတ်လိုက်ရင်အောက်ကအဖြူ
CAPACITOR (C)(or) CONDENSER အသားရောင်လေးထောင့် တိုင်းရင်(Circuit Board မှ ဖြုတ် တိုင်းရမယ်)
DIODE (D) မှာ ငုတ်သေးသေးလေးတွေပါ (Cathode=K ဘက်မှ အနီလေးပါတယ် Cathode မှာအနီ Anode=A ဘက်မှာအနက် မှန်အောင်ခွဲရမည်
COIL (L) ဖြုတ်စရာမလို Circuit မှာတိုင်း (ပုံစံက) Resistor နဲ့တူတယ် နန်းကြိုးသေးသေးလေးတွေပတ် အ၀ိုင်းအမည်းနဲ့လည်းလာ
FUSE (F) က Capacitor နဲ့လွဲတတ်တယ်
TRANSISTOR ဖြုတ်တိုင်းရတယ် Transistor နဲ့ Diode နဲ့ဆင်တယ် နှစ်ငုတ်နဲ့ သုံးငုတ်ဘဲကွာတယ်
CRYSTAL (Y) က ကောင်းမကောင်းတိုင်းမရ Size တူတာလဲ ကြည့်ပြီးမှ သိနိုင် (မှန်အောင်တပ်ရမှာက အနက်ရောင် ငုတ်လေးနှစ်ဘက် ကွေးကွေးလေး (-)ရှိတယ် ဖြုတ်ရင်အသေအချာမှတ်
အထူးမှတ်သားရန်
Back Up BATTERY ကို AIR GUN ,HEAT GUN နဲ့ မဖြုတ်ရပေါက်ကွဲတတ်သည်။

SAMSUNG အတုအစစ်ခွဲနည်း
*#0011#လိုင်းဆွဲအားပြ
Another way
*#0*# Test လုပ်ရန်ပေါ် receiver button ကိုနှိပ် အသံရှည်မြည်

HUAWEI အတုအစစ်ခွဲခြားနည်း
*#*#2846579#*#* Project menu ---->>> Network Setting ----->>>Operator ---->>>CHINA TELECOM CNဆိုရင် မှန်တယ်(အစစ်ပေါ့ကွာ)
နောက်တစ်နည်း MEID (*#06#)နံပါတ်နှင့် battery အောက်မှ Serieal Number တူတယ်
Credit to  Nay Aung

Saturday, December 21, 2013

ခါးနာခြင်း ကင်းဝေးစေမည့် ကိုယ်နေဟန်ထားများ



(၁) မှန်ကန်သော အနေအထား
ကိုယ်နေဟန်ထား မှန်မှသာ ခါးနာ ဝေဒနာ ကင်းဝေးမှာ ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အနေအထားမျိုး နေ
တဲ့အခါ ကျောရိုးဟာ သန်စွမ်းပြီး တည့်မတ်နေပါတယ်။ ကျောရိုးက ခုံးတာ၊ ခွက်တာတွေ ဖြစ်ရင် ကြွက်သားနဲ့ တွယ်
ဆက်မျှင်တွေဟာ ကျောရိုး ဟန်ချက်ညီအောင် အတင်း တည်ဆောက်နေရတာကြောင့် ညောင်းညာတာ၊ ခါးနာတာ၊
ခေါင်းကိုက်တာနဲ့ တခြား ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။
(၂) ကျောရိုး၏ ကွေးညွတ်မှု
ကျန်းမာရေး ကောင်းနေတဲ့ ခါးနောက်ကျောမှာ သဘာဝ အကွေးသုံးမျိုး ရှိပါတယ်။ လည်ပင်း အကွေး၊ ခါးအပေါ်ပိုင်း
အကွေးနဲ့ ခါးအောက်ပိုင်း အကွေးတို့ပဲ ဖြစ်ပါတယ်။ မှန်ကန်တဲ့ ကိုယ်နေဟန်ထားဟာ ဒီအကွေး သုံးမျိုးကို တည်မြဲနေ
အောင် ထိန်းထားနိုင်ပေမယ့် ကိုယ်နေဟန်ထား မမှန်ရင်တော့ ကြွက်သားတွေပေါ်ကို ဖိအား ကျရောက်စေကာ
နာကျင်စေနိုင်ပါတယ်။
(၃) မှန်ကန်သော မတ်တတ်ရပ် အနေအထား
မတ်တတ်ရပ်တဲ့ အခါ ရင်ဘတ်ကို မြှင့်ထားရပါမယ်၊ ပခုံးတွေက နောက်ဘက်ကို ရောက်ပြီး တင်းမထားရပါဘူး။
ဗိုက်နဲ့ တင်ပါးတွေက ရင်ဘတ်နဲ့ ယှဉ်ရင် နောက်ဘက် ရောက်နေရပါမယ်၊ ကိုယ်အလေးချိန်ဟာ ခြေထောက်
နှစ်ဖက်စလုံးပေါ်မှာ အညီအမျှ ရှိနေရပါမယ်။
(၄) နံရံကပ်ကာ စစ်ဆေးနည်း
မတ်တတ်ရပ်တဲ့ အနေအထားက မှန်၊ မမှန် သိအောင် နံရံကို ကပ်ပြီး စစ်ဆေးသင့်ပါတယ်။ ခြေဖနောင့်တွေကိုတော့
နံရံနဲ့ ၂-၄ လက်မ အကွာလောက် ထားပြီး ခေါင်း၊ ပခုံးနဲ့ တင်ပါးတွေကို နံရံနဲ့ ထိကာ ရပ်ပါ။ သင့်ကျောနဲ့ နံရံရဲ့
အကွာအဝေးက လက်တစ်ဝါးစာ အထူလောက်ပဲ ရှိသင့်ပါတယ်။ တကယ်လို့ အလွန် ဝေးနေရင် ဝမ်းဗိုက် ကြွက်သား
တွေကို ရှပ်ပြီး ရပ်ပါ။ အလွန် နီးနေရင်တော့ သင့်ခါးကို နည်းနည်း မြှင့်လိုက်ပါ။ အဲဒီ အနေအထား အတိုင်း လမ်း
လျှောက်တာ၊ ရပ်တာတွေကို လုပ်ဆောင်ပေးပါ။
(၅) မှန်ကန်သော ထိုင်နည်း အနေအထား
ကြမ်းပြင်ပေါ်မှာ ခြေဖဝါး နှစ်ဖက်စလုံးကို ချထားနိုင်မယ့် ထိုင်ခုံမျိုးနဲ့ ထိုင်ပါ။ ဒူးတွေက တင်ပါးနဲ့ တစ်တန်းတည်း
ဖြစ်နေရပါမယ်။ နောက်ကျောကို ထိုင်ခုံ နောက်မှီမှာ မတ်မတ် ထိုင်ပါ။ လိုအပ်ရင် ခါးနောက်ကျော အကွေး နေရာမှာ
တဘက် ဒါမှမဟုတ် ခေါင်းအုံးသေး ထည့်ထားပါ။ ညောင်းညာလာရင် ခေါင်းကို မျက်နှာကြက်ဆီ ကြည့်လိုက်၊
မေးစေ့ကို အောက်ဆွဲချလိုက် လုပ်ပေးပါ။ နောက်ကျော အပေါ်ပိုင်းနဲ့ လည်ပင်းတွေ ကတော့ သက်သောင့်သက်သာ
နဲ့ မတ်နေရပါမယ်။ ပခုံးတွေကိုလည်း မြှင့်ထားတာ၊ နှိမ့်ချထားတာမျိုး မလုပ်ဘဲ သက်သောင့်သက်သာ ထားရှိပါ။
(၆) ပခုံး၏ မှန်ကန်သော အနေအထား
ထိုင်နေချိန်မှာပဲ ဖြစ်ဖြစ်၊ ရပ်နေချိန်မှာပဲ ဖြစ်ဖြစ် ပခုံး အနေအထားကို ဂရုစိုက်ပါ။ ပခုံးကို လျှောတာ၊ မြှင့်တာတွေ
မဖြစ်ပါစေနဲ့။
(၇) တုံ့ပြန်မှုကို စစ်ဆေးပါ
သင့်ပခုံးတွေ မတ်နေတယ်ဆိုတာ သိနိုင်အောင်မှန်ရှေ့မှာ မတ်မတ်ရပ်ပြီးသင့်ပခုံး အနေအထားကို စစ်ဆေးကြည့်ပါ။
(၈) အကျိုးကျေးဇူး
မှန်ကန်သော အနေအထား ရအောင် လေ့ကျင့်ရတာက အစပိုင်းမှာ ပင်ပန်းနေနိုင်ပေမယ့် ကြာလာတဲ့အခါ နေရထိုင်
ရတာ သက်သောင့်သက်သာ ရှိလာတာကို တွေ့ရမှာပါ။ အသက်အရွယ်မရွေး ခါးနာတာကို ကင်းဝေးစေမယ့် နည်း
လမ်းလည်း ဖြစ်ပါတယ်။




Related Posts Plugin for WordPress, Blogger...