Win+R
Run Boxထဲတွင် cmd လို့ ရိုက်၍ Enterခေါက်လိုက်ပါ
cmd box ကျလာမည်
Desktop ပေါ်မှာ Folderအသစ်ဆောက်မယ်ဆိုလျှင် MD
Example :cd ဟုရိုက်ပါ။space bar တစ်ချက်ခေါက်ပါ။Tab ကိုနှိပ်၍ Desktop ကိုရှာပါ ပြီးရင် Enterခေါက်ပါ။
MD လို့ ရိုက်ပါ။ space bar တစ်ချက်ခေါက်ပါ။အသစ်ဆောက်မည့်Folder နာမည်တစ်ခု ခုပေးရပါမယ်။
TEST လို့ နာမည်ပေးမယ်။ပြီးရင် Enterခေါက်ပါ။Desktop ပေါ်တွင် ကြည့်လိုက်ပါ TEST ဆိုသောFolderအား တွေ့ ရမည်။
***မှတ်ချက်***
(၁) မြန်မာလိုပေးလည်းရပါတယ် ဒါပေမယ့် CMD Box မှာ MD ????လို့ ပဲပေါ်မှာဖြစ်ပါတယ်။Desktopပေါ်မှာတော့မြန်မာ လိုပေါ်မှာဖြစ်ပါတယ်။CMD Command ဖြင့်ဖျက်မယ်ဆိုရင် မြန်မာလိုရေးထားတဲ့ Folderတွေ ကို?????အနေနဲ့ မြင်ရမှာဖြစ်တဲ့အတွက်ဖျက်ဖို့ ခက်နေပါတယ်။
(၂)Folder နှစ်ခုဆောက်ချင်ရင် MD TESTပြီးရင်Space bar တစ်ချက်ခေါက်ပါ။ABC လို့ ရိုက်ပေါ့။ပြီးရင်Enterခေါက်။(နာ မည်ကတော့ကြိုက်တဲ့နာမည်ပေးပါ)
Space bar မခြားရင် TESTABC ဆိုတဲ့နာမည်နဲ့  Folder ကတစ်ခုတည်းထွက်မှာပါ။(အများကြီးထွက်ချင်ရင် MD 1 2 3 4 5 6 7)ဆိုပြီး ရိုက်ပါ ။1 2 3 4 5 6 7ဆိုတဲ့နာမည်တွေနဲ့  Folder (၇)ခုထွက်မှာပါ။
မသိသေးသူများအတွက် ရည်ရွယ်၍ရေးသားထားပါတယ်
Friday, April 17, 2015
CMD Command ဖြင့်Desktop ပေါ်မှာFolder အသစ်ဆောက်မယ်
CMD Command ဖြင့် File ဖျောက်မယ်
Win+R
Run Boxထဲတွင် cmd လို့ ရိုက်၍ Enterခေါက်လိုက်ပါ
cmd box ကျလာမည်
ဖိုင်ဖျောက်ချင်လျှင် attrib +s +h +a
Example : cd ဟုရိုက်ပါ။space bar တစ်ချက်ခေါက်ပါ။Tab ကိုနှိပ်၍ Desktop ကိုရှာပါ ပြီးရင် Enterခေါက်ပါ။
cd ဟုရိုက်ပါ။space bar တစ်ချက်ခေါက်ပါ။Tab ကိုနှိပ်၍ New Folderကိုရှာပါ ပြီးရင် Enterခေါက်ပါ။
Desktop တွင် New Folder ဆောက်လိုက်ပါ
New Folder ထဲတွင် New Text Document.txt အသစ်ဆောက်ပါ
New Text Document.txt အားဖျောက်မည်ဆိုလျှင်
cmd box တွင် attrib လို့ ရိုက်ပါ ။ဖျောက်ချင်သော File အား Drag ဆွဲ၍ CMD Box ထဲသို့ ဆွဲထည့်ပါ။ပြီးရင် +s +h +a ဟုရိုက်၍ Enterခေါက်လိုက်ပါ။
New Folder အားဖွင့်ကြည့်ပါ New Text Document.txt ဆိုသောဖိုင်အားတွေ့ ရမည်မဟုတ်ပါ။
Eg.C:\Users\Genius\Desktop>attrib "C:\Users\Genius\Desktop\New folder\New Text Docu
ment.txt" +s +h +a
ဖိုင်ပြန်ဖော်ချင်လျှင် attrib -s -h -a
Example :cd ဟုရိုက်ပါ။space bar တစ်ချက်ခေါက်ပါ။Tab ကိုနှိပ်၍ Desktop ကိုရှာပါ ပြီးရင် Enterခေါက်ပါ။
cmd box တွင် cd ဟုရိုက်ပါTab နှိပ်၍ ခုဏကဖျောက်လိုက်သောဖိုင်၏ Folderအားရှာပေးပါ "New folder" ဟုပေါ်လာပါရင် attrib လို့ ရိုက်ပါ။spacebarတစ်ချက်ခေါက်ပါ။Tab နှိပ်၍ ခုဏ ကဖျောက်လိုက်သောဖိုင်အားရှာ ပါ "New Text Document.txt" ဟုပေါ်လာပါက -s -h -a ဟုရိုက်၍ Enter ခေါက်လိုက်ပါ။
New Folder အားဖွင့်ကြည့်ပါ New Text Document.txt ဆိုသော ဖိုင်လေးပေါ်နေပါမည်။
Eg.C:\Users\Genius\Desktop\New folder> attrib "New Text Document.txt" -s -h -a
မသိသေးသူများအတွက် ရည်ရွယ် ပြီးရေးသားထားပါတယ် ခင်ဗျာ
ူ
ဘာလဲကွယ်
ဘာအကြောင်းမှမရှိဘဲ
မင်းနဲ့ ငါခင်ခဲ့ကြတယ်။
ဘာအကြောင်းမှမရှိဘဲ
မင်းနဲ့ ငါ သံယောဇဉ် ဖြစ်ခဲ့ကြတယ်။
ဘာအကြောင်းမှမရှိဘဲ
မင်းနဲ့ ငါ သူစိမ်းဆန်ခဲ့ကြတယ်။
ဘာအကြောင်းမှမရှိဘဲ
ဒီကဗျာကို ရေးဖြစ်ပါတယ်။
သြော်...
တကယ်တော့လည်း
ဘာအကြောင်းမှမရှိပါဘူး သူငယ်ချင်းရယ်။
တာရာမင်းဝေ
ူ