Thursday, March 13, 2014
Wednesday, March 12, 2014
နတ်ဆိုးတစ်ကောင်နဲ့ ရင်လွဲသူ - နီကိုရဲ
ကဲ...သူငယ်ချင်းများ...ဖတ်ရှုချင်တယ်ဆိုရင်တော့ ဒီမှာဒေါင်းလုပ်ရယူနိုင်ပါပြီဗျာ။ အားလုံးအဆင်ပြေပါစေ။
ဟယ်ရီပေါ်တာနှင့်ပြဒါးရှင်လုံး
Thursday, March 6, 2014
Android ဖုန်းကနေ Wireless & Bluetooth စနစ်ပါရှိတဲ့ Printer များသို့ ကွန်ပျူတာမလိုအပ်ဘဲနှင့် Print Out ထုတ်နိုင်တဲ့ Software
Android ဖုန်းကနေ Wireless & Bluetooth စနစ်ပါရှိတဲ့ Printer များသို့ ကွန်ပျူတာမလိုအပ်ဘဲနှင့် Print Out ထုတ်နိုင်တဲ့ Software အလန်းလေးတစ်ခုဖြစ်ပါတယ်။ဓာတ်ပုံတွေ.Email တွေ စတဲ့ဖိုင်တွေကို Computer မလိုဘဲ တိုက်ရိုက် Print Out ထုတ်နိုင်မှာဖြစ်ပါတယ်။
ကဲ...သူငယ်ချင်းများ...စမ်းသုံးကြည့်ချင်တယ်ဆိုရင်တော့ ဒီမှာ ဒေါင်းလုပ်ရယူနိုင်ပါပြီဗျာ။ အားလုံးအဆင်ပြေပါစေ။
notifaction မပေါ်တဲ့ error နှင့် setting notifaction မိန်နေတဲ့ error ရှင်းကြမယ်
ဖုန်းကို root လုပ်ထားပြီး root explorer install လုပ်ထားပါ။ root explorer ဖွင့်ပြီး super user permission allow ပေးပါ။
root explorer အောက်က data ကိုဖွင့်ပါ။
custom.bin ထဲဝင်ပါ။ test view ထဲကိုဖွင့်ကြည့်ပြီး နာမည်ကိုမှတ်ထားပါ။
rw ကို ro ပြောင်းထားပါ။cust ကိုဝင်ပြီး rw ကိုလည်း ro ပြောင်းထားပါ။
chinatelecom ကို Test View မှာ ကြည့်ပြီး မှတ်ထားတဲ့ နာမည် ရှေ့စာလုံးကို rename အဖြစ်ပေးပါ့မည်။
နောက်စာလုံးကိုတော့ chinaelcom နေခုလက်ရှိ နာမည်ပြောင်းထားပေးတဲ့
အောက်ထဲထပ်ဝင်ပြီး cn ကို test view မှာ မှတ်ထားတဲ့ နောက်နာမည်တစ်ခုကို ထပ်ပြီး နာမည်ပြောင်းပေးပါ။
ပြီးရင် ဖုန်းကို setting ထဲက factory reset ချပေးလိုက်ပါ။ ပြန်တတ်လာရင် noti ပျောက်နေတဲ့ error ကိုရှင်းတာ အောင်မြင်သွားပါပြီး။
အလွယ်မှတ်ချင်တယ်ဆိုရင်တော့
cust အောက်က chinatelecom ဆိုတဲ့ နေရာမှာ နာမည်ချိန်းဖို့ test view မှာဝင်ကြည့်တာပါ မျဉ်းစောင်းခံပြီးရေးထားတဲ့အတွက်
ပထမစာလုံးကို chinatelecom နေရာမှာ ထည့်ပြီး သူထဲက cn ဆိုတဲ့နေရာမှာ မျဉ်းစောင်းနောက်က စာကို rename ချိန်းပြီး factory reset လုပ်ပေးလိုက်တာပါ ပြန်တတ်လာရင် Noti ပြန်ပေါ်လာပါပြီခင်ဗျာ။
Test View = mpt/mm
Chinatelecom = mpt
cn =mm
data/custom.bin အောက်က test view ကိုရင်ဖွင့်ကြည့်ပြီး နာမည်မှတ်ပါတယ်။
cust အောက်ထဲက Chinatelecom ကို mpt ပြောင်းပါတယ်။
Chinatelecom အောက်က cn ကို mm ပြောင်းပေးပြီး Factory reset ချပေးပါ ။ ပြန်တတ်လာရင် အဆင်ပြေပါပြီးခင်ဗျာ။
တွေ့ရှိထားသူအားလုံးကို credit ပေးပါတယ် နာမည်မသိတော့လို့ တောင်းပန်ပါတယ်ခင်ဗျာ။ သူငယ်ချင်းအားလုံး အဆင်ပြေအောင် ပြန်လည်မျှဝေပေးတာဖြစ်ပါတယ်ခင်ဗျာ။

Wednesday, March 5, 2014
ဖုန်းရဲ့ စွမ်းဆောင်ရည်ကို လျင်မြန်သွက်လက်လာစေမယ့် Geeky Engine
ဖုန်းရဲ့ performance ကိုတက်လာစေတဲ့ နည်းလေးပါ။ ဒါလေးကို လုပ်ပြီးရင် မိမိဖုန်းဟာ အရင်ကထက် ပေါ့ပါးမြန်ဆန်လာတာကို တွေ့ရှိရပါလိမ့်မယ်။ကျွန်တော်ကိုယ်တိုင် Samsung ဖုန်းမှာစမ်းပြီးလို့ မိုဘိုင်းဂရုထဲမှာ ပိုစ့်ရေးထားတာအခြားသူတွေလည်း မတူညီတဲ့ဖုန်းတွေနဲ့စမ်းပေးကြတာ အဆင်ပြေတာကို တွေ့လို့ မိမိဖုန်းတင်မဟုတ်ပဲ အခြားအန်းဒရိုက်ဖုန်းမှန်သမျှ လုပ်နည်းမှန်ရင် ရတယ်ဆိုတာ သေချာသလောက်ရှိမှ ကျွန်တော့်ရဲ့ ဖိုရမ်လေးမှာ ပိုစ့်တင်ပေးရခြင်းပါ။ဒါကို ပြုလုပ်ဖို့အတွက် အောက်မှာပေးထားတဲ့ Geeky engine ကိုဒေါင်းလော့ဆွဲပါ။ မိမိဖုန်းဟာ Root လုပ်ပြီးသားဖြစ်ရပါမယ်။ Custom Rom တစ်ခုခုတင်ထားရပါမယ်။ ပြီးတော့ init.d support လုပ်တဲ့ဖုန်းဖြစ်ရပါမယ်။Custom Rom တင်ပြီးသားဖုန်းဆိုရင်တော့ တော်တော်များများက init.d ကို support လုပ်ပါတယ်။ ဒေါင်းထားတဲ့ zip file ကို ဖုန်းရဲ့ SD card ထဲထည့်ထားပါ။ ဖုန်းကို Recovery mode ထဲဝင်ရောက်ပြီးတော့ install from SD card ထဲကနေ ခုနက SD card ထဲထည့်ထားတဲ့ Geeky Engine ကို ရွေးပြီး install လုပ်ပေးရုံပါဘဲ။ဖုန်းကို သုံးရတာ အရင်ကထက် သွက်လက်လာတာကို တွေ့ရပါလိမ့်မယ်။ ဘက်ထရီလည်း နဂိုကထက် အစားခံပါတယ်။မိမိဖုန်းက init.d support လုပ်မလုပ်သိချင်ရင်တော့ Root Explorer ထဲဝင်ပြီး etc အောက်ထဲကို ၀င်ကြည့်လိုက်ပါ။ etc အောက်ထဲမှာ init.d ဆိုတဲ့ folder လေးကို တွေ့ရပါလိမ့်မယ်။ ဒေါင်းလုပ်ဆွဲရန်-Geeky Engine
အဆင်ပြေပါစေ။
သင်စိတ်ဖိစီးမှု များနေကြောင်းပြသနေသည့်လက္ခဏာငါးမျိုး
လူအများစုဟာ အလုပ်များတဲ့ နေထိုင်မှုပုံစံကြောင့် စိတ်ဖိစီးမှု တွေကို အနည်းနဲ့အများ ဆိုသလို နေ့စဉ် ခံစားနေ ရပါတယ်။ စိတ်ဖိစီးမှု ခံစားနေရချိန်မှာ စိတ်ဖိစီးမှု သက်သာစေမယ့် နည်းတွေကို လိုက်နာပြီး သက်သာရာရအောင် လုပ်ဆောင်ဖို့ လိုပါတယ်။ စိတ်ဖိစီးမှု ခံစားရချိန်ကြာသွားရင် စိတ်ဝေဒနာအဖြစ် ပြောင်းသွားနိုင်လို့ စိတ်ဖိစီးမှု ဖြစ်နေကြာင်းပြသတဲ့ အောက်ပါ လက္ခဏာ ငါးမျိုးကို သတိမူပြီး အမြန်ဆုံး လျှော့ချလိုက်ပါ။
(၁) ရုံးပိတ်ရက်တွင် ခေါင်းကိုက်ခြင်း
အလုပ်လုပ်ရတဲ့ တစ်ပတ်လုံး စိတ်ဖိစီးမှုများခဲ့ တာကြောင့် လူအများစုဟာ ရုံးပိတ်ရက်မှာ ခေါင်း ကိုက်ကာ ပင်ပန်းနွမ်းနယ် တတ်ကြပါတယ်။ စိတ်ဖိစီး မှုကြောင့် ခေါင်းကိုက်တာနဲ့ ခေါင်းတစ်ခြမ်းကိုက် တာတွေလည်း ဖြစ်တတ်တဲ့အတွက် တစ်ပတ်လုံး စိတ်အေးချမ်း တည်ငြိမ်မှုရှိအောင် ကြိုးစားနေထိုင် ရင်း ရုံးပိတ်ရက်ကို ကျန်းမာလန်းဆန်းစွာ ဖြတ်သန်းပါ။
(၂) ရာသီလာစဉ် နာကျင်ကိုက်ခဲခြင်း
စိတ်ဖိစီးမှုကြောင့် ဟော်မုန်းတွေကို ဟန်ချက် မညီမျှမှု ဖြစ်စေတဲ့အတွက် ရာသီလာစဉ်မှာ ကိုက်ခဲ နာကျင်မှု အဖြစ်များကြောင်း လေ့လာသူတွေက ဆို ပါတယ်။ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်တာက စိတ် ဖိစီးမှုနဲ့ ရာသီလာစဉ် ကိုက်ခဲနာကျင်တဲ့ ဝေဒနာတွေ ကို
လျော့ပါးသက်သာစေပါတယ်။
(၃) ပါးစပ် နာနေခြင်း
စိတ်ဖိစီးမှုများရင် ညဘက်မှာ သွားကြိတ်တတ် ပါတယ်။ အဲဒီအခါ မေးရိုးနာကျင်မှု ဖြစ်တတ်ပါ တယ်။ မနက်အိပ်ရာထချိန် ပါးစပ်နာနေရင် သွား ကြိတ်တာကြောင့် ဖြစ်တတ်တဲ့အတွက် သွားစွပ် (Mouth Guard) တပ်ဆင်ပြီး အိပ်ရာဝင်ပါ။
(၄) အိပ်မက်ဆိုးများ မက်ခြင်း
စိတ်ဖိစီးမှုများနေရင် အိပ်မက်ဆိုး မက်နိုင်ခြေ များပါတယ်။ စိတ်ဖိစီးမှုကြောင့် အိပ်စက်မှုစက်ဝန်းကို အဟန့်အတား ဖြစ်စေတဲ့အတွက် အိပ်မပျော်နိုင်လည်း ဖြစ်ရတတ်ပါတယ်။ ဒါကြောင့် ကဖင်းဓာတ် နဲ့ အယ်လ်ကိုဟောကို အိပ်ချိန်နဲ့ ကပ်ပြီး မသောက်သုံးပါနဲ့။ အိပ်ရာမဝင်ခင် တရားထိုင်တာ၊ သီချင်း အေးအေးနားဆင်တာနဲ့ စာဖတ်တာတို့ ပြုလုပ်ရင်း စိတ်ဖိစီးမှုကို ဖြေလျှော့ပေးပါ။
(၅) သွားဖုံးသွေးယိုခြင်း
စိတ်ဖိစီးမှုဟော်မုန်း ကော်တီစောမြင့်တက်တာ က ကိုယ်ခံစွမ်းအားစနစ်ကို ထိခိုက်စေပြီး သွားဖုံးထဲ ကို ဘက်တီးရီးယားတွေ ကျူးကျော်ဝင်ရောက်ဖို့ ခွင့်ပြုသလို ဖြစ်သွားပါတယ်။ သွားနဲ့ သွားဖုံး ကျန်းမာ ရေးကောင်းအောင် သွားတိုက်တံနဲ့ တစ်နေ့ နှစ်ကြိမ် တိုက်ပါ။ စိတ်ဖိစီးမှု လျော့ကျစေဖို့ လေ့ကျင့်ခန်းလုပ် ပြီး အိပ်ရေးဝ၀ အိပ်စက်အနားယူပေးရပါမယ်။
ကျန်းမာကြပါစေ
Subscribe to:
Posts (Atom)